နည်းပညာတက္ကသိုလ် ( ရတနာပုံဆိုက်ဘာစီးတီး ) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နည်းပညာတက္ကသိုလ် ( ရတနာပုံဆိုက်ဘာစီးတီး ) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲပြုလုပ်




MNP - နိုဝင်ဘာ   ၂၂


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်မြို့နယ်အတွင်းရှိ  နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီး တီး) ၏  ၂၀၂၂ - ၂၀၂၃  ပညာသင်နှစ် မောင်မယ်သစ်လွင်များအား နွေးထွေးစွာကြိုဆိုမိတ်ဆက်ပွဲကို  ယနေ့နံနက်ပိုင်းက ပြင်ဉီးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာအနီးရှိ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။


‌ရှေးဉီးစွာ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး )၏ တာဝန်ခံ ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာ အောင်ဆန်းလင်းက ဘွဲ့ကြို (ပထမနှစ်) မောင်မယ်သစ်လွင် ကျောင်းသား/သူများ၏ စာသင်ဆောင်ခန်းမများအတွင်းသွားရောက်ကာ နွေးထွေးစွာကြိုဆို မိတ်ဆက်စကားပြောကြားခြင်း၊ ဒုတိယပါမောက္ခချုပ်နှင့်ဌာနမှူးများ၊ ဆရာ/ဆရာမများကလှိုက်လှဲနွေးထွေးစွာ ကြိုဆိုခြင်း၊ အင်ဂျင်နီယာဘာသာ ရပ်များအကြောင်း ရှင်းလင်းပြောကြားခြင်း၊ သင်ကြားသင်ယူမှုများ ဆောင်ရွက်ခြင်းနှင့် လက်တွေ့သင်ခန်းစာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး )၏  ၂၀၂၂-၂၀၂၃  ပညာသင်နှစ်  မောင်မယ်သစ်လွင် ကျောင်းသား/ကျောင်းသူများ သည်  နိုဝင်ဘာလ ၂၁  ရက်နေ့မှစ၍ အေးချမ်းပျော်ရွှင်စွာ စာသင်ကြားလျက်ရှိကြောင်း သိရသည်။  


သတင်း - ဖြူလူသစ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)