ကြည့်မြင်တိုင်မြို့နယ် လှိုင်မြစ်တစ်ဖက်ကမ်း၌ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြည့်မြင်တိုင်မြို့နယ် လှိုင်မြစ်တစ်ဖက်ကမ်း၌ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးလျက်ရှိ




MNP - နိုဝင်ဘာ  ၁၉


ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံ စားသောက်ကုန်များကို ဈေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်အတွက် ရည်ရွယ်ကာ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန်များကို  ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီအချိန်မှစတင်၍ ကြည့်မြင်တိုင်မြို့နယ်၊ အေးရွာဘလုတ်ညွန့်စက်ကလေးရပ်ကွက်၊ သန္တာလမ်း၌ ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။


အဆိုပါ အခြေခံစားသောက်ကုန်များအား ရောင်းချရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာမှုရှိစေရေးနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေးတို့အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညီညီ ဦးဆောင်သော ဌာနဆိုင်ရာအဖွဲ့များမှ ရပ်ကွက်နေပြည်သူများအား ဆန်၊ ဆီ၊ ကြက်ဥများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ 


ကြည့်မြင်တိုင်မြို့နယ်တွင် အခြေခံစားသောက်ကုန်များရောင်းချခြင်းကို ရပ်ကွက်များတွင် အလှည့်ကျ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


သတင်း - ခိုင်ဇာလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)