အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး ကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သော ဆရာတော်(၃)ပါး အား နစက အစိုးရ က သီရိပျံချီဘွဲ့ ဆက်ကပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး ကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သော ဆရာတော်(၃)ပါး အား နစက အစိုးရ က သီရိပျံချီဘွဲ့ ဆက်ကပ်



MNP ၊ နိုဝင်ဘာ ၂၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) အစိုးရမှ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီမြှင့် အပ်နှင်းမှုနှင့် ပတ်သက်၍ ယမန်နေ့က ထပ်မံထုတ်ပြန်ခဲ့ရာ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး ကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သော ဆရာတော် (၃)ပါး အား သီရိပျံချီဘွဲ့ ဆက်ကပ်ထားသည်။

သီရိပျံချီဘွဲ့ အပ်နှင်းခံရသည့် ပုဂ္ဂိုလ်များထဲတွင် ဦးကဝိဓဇ(ထာဝရမဘသ)၊ ဦးဝိစိတ္တာဘိဝံသ (ဦးဝီရသူ) နှင့် ဦးပညာသာမိ (တောင်ကလေးဆရာတော်) တို့ (၃)ပါး ကို ထည့်သွင်းချီးမြှင့်ခြင်း ဖြစ်သည်။

အဆိုပါ ဆရာတော်များသည် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းများကို အစဉ်တစိုက် လုပ်ဆောင်ခဲ့ကြပြီး ယခင်NLD အစိုးရလက်ထက်က မဘသ အဖွဲ့အစည်းအား ဖျက်ဆီးရန် ကြိုးပမ်းခဲ့စဉ်ကလည်း ကရင်ပြည်နယ် မဘသ နှင့် မန်းမဘသ တို့က လက်မခံဘဲ ဆန့်ကျင်ခဲ့ကြသည်။ ဇွဲကပင်ဆရာတော်ကြီးသည် ထာဝရမဘသ ဟူသော ကျောက်စာတိုင်ကို ရေးထိုးထားသော မဘသ ဦးဆောင်ဆရာတော်ကြီး တစ်ပါးဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)