MNP - နိုဝင်ဘာ ၂၁
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို ယနေ့နံနက် ၇ နာရီ အချိန်မှ စတင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ ပင်စင်လစာငွေများ ထုတ်ပေးရာတွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွက် ပင်စင်လစာများကို ယနေ့နံနက်ပိုင်းမှ စတင်၍ နံနက် (၇) နာရီမှ မွန်းလွဲ၃နာရီထိ ဘဏ်ဖွင့်ရက်များတွင် ထုတ်ပေးခြင်းဖြစ်ပြီး အဆိုပါရက်များတွင် လာရောက်ထုတ်ယူနိုင်ခြင်း မရှိပါက ဒီဇင်ဘာလဆန်းပိုင်းတွင် ထပ်မံထုတ်ပေးသွားမည် ဖြစ်ကြောင်းနှင့် ဘူးသီးတောင်မြို့နယ်တွင် အငြိမ်းစားပင်စင်လစာငွေ ထုတ်ယူသူဦးရေ (၁၃၀၅)ဦးရှိပြီး ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများ အနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် (ကိုယ်စား) ထုတ်ယူနိုင်ကြောင်း ဘူးသီးတောင်မြို့နယ် မြန်မာ့စီးပွားရေး ဘဏ်မန်နေဂျာ ဒေါ်အေးအေးခိုင်ထံမှ သိရသည်။
သတင်း - လှကျော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment