ကြာအင်းဆိပ်ကြီးမြို့နယ်၌ အိမ်တွင်းလျှပ်စစ်သွယ်တန်းနည်းသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြာအင်းဆိပ်ကြီးမြို့နယ်၌ အိမ်တွင်းလျှပ်စစ်သွယ်တန်းနည်းသင်တန်းဖွင့်လှစ်



MNP - နိုဝင်ဘာ   ၂၁


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ‌ကျေးလက်ဒေသများဖွံ့ဖြိုးတိုးတက်လာစေရေး ဒေသခံကျေးလက် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရေးအတွက် တစ်ပိုင်တစ်နိုင် အိမ်တွင်း မှုလုပ်ငန်းများ လုပ်ကိုင်နိုင်စေရေးအတွက် အိမ်တွင်းမှုလုပ်ငန်းသင်တန်းများအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး  ခရိုင်ကြာအင်းဆိပ်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး‌တိုးတက်ရေးဦးစီးဌာနရုံး၌ အိမ်တွင်း လျှပ်စစ်သွယ်တန်းနည်းသင်တန်း ဖွင့်ပွဲအခမ်းအနား ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။


အဆိုပါ သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးသိန်းက သင်တန်းသားများအား သင်တန်းအားအလေးထားကာ လျှပ်စစ်သွယ်တန်းခြင်းနည်းပညာများအား သင်တန်းပြီးဆုံးသည်အထိ တင်မြောက်အောင်သင်ကြားပြီး မိမိအိမ်တွင်းနှင့် မိမိကျေးရွာ အတွင်း၌ ပြန်လည်အသုံးချ လုပ်ကိုင်နိုင်သည်အထိ စိတ်ဝင်တစား သင်ယူစေရေး‌အတွက် အဖွင့်အမှာစကားပြောကြားသည်။


ထို့နောက်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ယမင်းသင်းက သင်တန်း သင်တန်းဖွင့်လှစ် သင်ကြားပေးရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြ ဆရာဦးကျော်စိုးက သင်ကြားပို့ချပေးမည့် ဘာသာရပ်များနှင့်ပတ်သက် ၍ ရှင်းလင်းပြောကြားသည်။


၎င်းသင်တန်းကိုမြို့နယ်အတွင်းရှိ သင်တန်းသား(၁၀)တက်ရောက်သင်ကြားပြီး အဆိုပါ သင်တန်းအား (၁၅)ရက်အကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - မျိုးမင်းဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)