MNP ၊ နိုဝင်ဘာ ၁၉
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံ ခြံဝင်း၌ သန့်ရှင်းသာ ယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင် ရွက်ခြင်းကို ယနေ့ နံနက်(၇)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့် ရေးကို မြို့အင်္ဂါရပ်များနှင့်အညီပတ်ဝန်း ကျင်သန့်ရှင်းသာယာလှပရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဦးဆောင်၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊တပ်ရင်းတပ်ဖွဲ့များမှ တပ်မ တော်သားများ၊ ခရိုင်/မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ဆရာ/ဆရာမ များ၊ ရပ်ကွက်/ကျေး ရွာအုပ်ချုပ်ရေးမှူးနှင့်သေခံပြည်သူများ စုပေါင်း၍ ပေါင်းမြစ်ပင်များ၊ သစ်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းကြပြီး မြို့ နယ်စည်ပင်သာယာ ရေးပိုင် အမှိုက်သိမ်းကားဖြင့် သတ်မှတ်နေရာတွင် စနစ်တကျစွန့်ပစ်ခဲ့ကြောင်းသိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment