NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် သံဃာတော် ၆၇ ပါး၊ ဆရာ/ဆရာမ ၄၀ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၁၃ ဦး သေဆုံးခဲ့ရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် သံဃာတော် ၆၇ ပါး၊ ဆရာ/ဆရာမ ၄၀ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၁၃ ဦး သေဆုံးခဲ့ရ

 


MNP ၊ နိုဝင်ဘာ ၁၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၂၁ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင့် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် သံဃာတော် ၆၇ပါး၊ ဆရာ/ဆရာမနှင့် ပညာရေးဝန်ထမ်း ၄၀ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၃ဦး သေဆုံးခဲ့ရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း က ရှင်းလင်းပြောကြားသွားခဲ့သည်။


၁-၂-၂၀၂၁ မှ ၃၁-၁၀-၂၀၂၂ ရက်နေ့အထိ မှတ်တမ်းများကို အခြေခံ၍ သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းပြောကြားခဲ့ရာတွင် NLD အစွန်းရောက်များ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် မြို့နယ် (၅၈)မြို့နယ်တွင် သံဃာတော် ၆၇ ပါး သေဆုံးခဲ့ရပြီး၊ သံဃာတော် ၃၀ ပါး ဒဏ်ရာရရှိခဲ့ကြောင်း၊ သီလရှင် ၂ပါး သေဆုံးခဲ့ကြောင်း သိရသည်။


ထို့အတူ NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဆရာ/ဆရာမနှင့် ပညာရေးဝန်ထမ်း ၄၀ဦး သေဆုံးခဲ့ရပြီး ၃၈ဦး ဒဏ်ရာရရှိခဲ့သည်။ အလားတူ ကျန်းမာရေးဝန်ထမ်း ၁၃ဦး သေဆုံးခဲ့ရပြီး ၁၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။


NLD အစွန်းရောက်များ ဖွဲ့စည်းထားသည့် CRPH, NUG, PDF တို့၏ လုပ်ရပ်များကို စစ်ရာဇဝတ်မှုဟု ပြောဆို၍ မရကြောင်း၊ စစ်ရာဇဝတ်မှု ဟူသည်မှာ လက်နက်ကိုင်အဖွဲ့အစည်းများအချင်းချင်း လိုက်နာရသည့် စည်းမျဉ်းဖြစ်၍ ၎င်းတို့၏ လုပ်ရပ်များကို စစ်ရာဇဝတ်မှုဟု ပြော၍ မတန်ကြောင်း၊ အကြမ်းဖက်လုပ်ရပ်များသာ ဖြစ်ကြောင်း၊ အကြမ်းဖက်နှိမ်နင်းရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနေရှင်နယ်ပို့စ် ၏ မေးမြန်းအမှုအပေါ် ပြန်လည်ဖြေကြားသွားခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)