မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်း (ပြည်နယ်အဆင့်) သင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်း (ပြည်နယ်အဆင့်) သင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်



MNP ၊ နိုဝင်ဘာ ၁၃

မွန်ပြည်နယ် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၊ အခြေခံပညာအထက်တန်း သိပ္ပံဘာသာရပ်များ အတွက် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံ သင်တန်း (ပြည်နယ်အဆင့်) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၆) အခြေခံပညာအထက်ကျောင်း၊ ရတနာမွန်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့သည်။


အခမ်းအနားတွင် ပြည်နယ်ဝန်ကြီး ချုပ်က မွန်ပြည်နယ်သည် နှစ်စဉ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားသည့် ပြည်နယ်တစ်ခုဖြစ်သည်နှင့်အညီ ပြည်နယ်၏ အခြေခံပညာရေးကဏ္ဍ အရည်အသွေး တိုးတက်မြင့်မားရေးကို အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံပညာ အထက်တန်းအဆင့် သိပ္ပံဘာသာရပ် သင်ရိုးညွှန်းတမ်းတွင် သင်ထောက်ကူ ပစ္စည်းများဖြင့် လက်တွေ့သင်ကြားမှုကို နည်းစနစ်မှန်ကန်စွာ သင်ကြားပို့ချပေးနိုင်ရန်နှင့် ဘာသာရပ်သင် ဆရာ၊ ဆရာမများ၏ အရည်အသွေးအား မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ ကျောင်းသူ၊ ကျောင်းသားများကို အခြေခံပညာအဆင့်မှစ၍ အစ၊ အလယ်၊ အဆုံး စနစ်တကျ လေ့ကျင့် ပြုစုပျိုးထောင်ပေးမှသာ မျိုးဆက်သစ်များ၏ ပညာရေးအရည်အသွေး တိုးတက်မြင့်လာမည်ဖြစ်ပြီး အရည်အချင်းမီ၊ အဆင့်အတန်းမီ ပညာရေးစနစ်ကို ဖော်ဆောင်ပေးနိုင်မှာ ဖြစ်ကြောင်း၊ ဆရာ၊ ဆရာများအနေဖြင့် သင်တန်းလက်စွဲပါ သိပ္ပံလက်တွေ့ သင်ခန်းစာများကို  လေ့လာဆည်းပူးကာ ကျောင်းသူ၊ ကျောင်းသားများအား ထိရောက်စွာ ပြန်လည်သင်ကြား ပေးနိုင်ရန်နှင့် ဘက်စုံလွှမ်းခြုံနိုင်သည့် ပညာရေးအခန်းကဏ္ဍကို ဖော်ဆောင်ပေးနိုင်ရန် စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း အမှာစကားပြောကြားခဲ့သည်။


ထိုနောက် မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်မြတ်ကျော်စိန်က အခြေခံပညာ  အထက်တန်းအဆင့်တွင် သိပ္ပံဘာသာရပ်များအတွက် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ၍ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေအားလည်းကောင်း၊ ပြည်နယ်ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်က သင်တန်းရေးရာ ကိစ္စရပ်များအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်၍ ဆရာ၊ ဆရာမ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ သင်ထောက်ကူပစ္စည်းများဖြင့် လက်တွေ့သရုပ်ပြ သင်ကြားပြသနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။


ခင်စန်းမြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)