ကျောက်ဖြူခရိုင်/မြို့နယ် ကျန်းမာရေးဌာနမိသားစုမှ (ပထမ)အကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဖြူခရိုင်/မြို့နယ် ကျန်းမာရေးဌာနမိသားစုမှ (ပထမ)အကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားပြုလုပ်









MNP ၊ နိုဝင်ဘာ ၁၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်/မြို့နယ် ကျန်းမာရေးဌာနမိသားစုမှကျင်းပပြုလုပ်သည့် (ပထမ) အကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက  ခရိုင်ပြည်သူ့ဆေးရုံကြီးရှိ  အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ ကျောက်ဖြူခရိုင်ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဌာနမိသားစုများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိ/မြို့ဖများ တက်ရောက်ခဲ့သည်။


ဦးစွာ အခမ်းအနားကို ‘နမောတဿ’ သုံးကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ဖွင့်လှစ်ခဲ့သည်။ ထို့ နောက် ကျောက်ဖြူမြို့၊ စိန်ပန်းကျောင်းဆရာတော်ကြီး ဦးဉာဏိဿရထံမှ တက်ရောက်လာသည့်ပရိတ် သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်အရှင်သူမြတ်များအား ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရဲလွင်မောင်နှင့် ကျန်းမာရေးဌာနမိသားစုဝင်များက ကထိန်မသင်္ကန်းကြီးနှင့် အရံသင်္ကန်းများ၊ လှူဖွယ်ဝတ္ထုများ၊ ငွေပဒေသာပင်များအားဆက်ကပ်လှူဒါန်းရာ လှူဒါန်းမှုအစုစုတို့အတွက် စိန်ပန်း ကျောင်းဆရာတော်မှ ရေစက်သွန်းချအမျှပေးဝေခဲ့သည်။ ယင်းနောက် ‘ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု’ သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပြီး ရတနာရွှေမိုး၊ ငွေမိုးများရွာသွန်း ပေးကာ အခမ်းအနားသို့တက်ရောက်လာကြသူများကို စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံကျွေးမွေး ခဲ့ကြကြောင်း သိရှိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)