MNP - နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် အထက်တန်းဆင့်၊ အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာစပ်ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတို့ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အခြေခံပညာ အထက်တန်းကျောင်း (သာပေါင်း)၊ မြရတနာဆောင်၌ ကျင်းပသည်။
(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် အထက်တန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင် “အမျိုးသားရေးနှင့် ကျောင်းသားတို့၏ တာဝန်” ခေါင်းစဉ်ဖြင့် အထက်တန်းကျောင်းသူ(၆)၊ အလယ်တန်း ကျောင်းသူ(၆)ဦး၊ အထက်တန်းဆင့် ကဗျာစပ်ပြိုင်ပွဲတွင် “အမျိုးသား ဇာတိမာန် ရှင်သန်ထက်မြတ်ရေး”၊ “အမျိုးသားအောင်ပွဲနေ့ ဆင်နွှဲစို့”၊ အလယ်တန်းဆင့်တွင် “အမျိုးသားနေ့ ဒို့မမေ့” ခေါင်းစဉ်ဖြင့် အထက်တန်း ကျောင်းသူ(၄)ဦး၊ အလယ်တန်း ကျောင်းသား(၂)ဦး၊ ကျောင်းသူ(၆)ဦး၊ အထက်တန်းဆင့် ပန်းချီပြိုင်ပွဲတွင် ကျောင်းသား(၄)ဦး၊ အလယ်တန်းဆင့်တွင် ကျောင်းသား(၅)ဦး၊ ကျောင်းသူ(၄)ဦး ပေါင်း(၃၇)ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြရာ အခြေခံပညာ အထက်တန်းကျောင်း (သာပေါင်း)အုပ်ဆရာမကြီးဒေါ် အေးနိုင်ဦးနှင့် ဆရာ၊ ဆရာမများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသားကျောင်းသူများကို ၂၀၂၂ ခုနှစ်၊နိုဝင်ဘာ ၁၇ ရက်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် ဆုများ အသီးသီးပေးအပ်ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
သတင်း - မျိုးဇော်သိန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment