လွိုင်လင်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်လင်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

 


MNP - နိုဝင်ဘာ   ၁၆


ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လွိုင်လင်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများကို ခရိုင်တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးစစ်ဆေးရေးကော်မတီဥက္ကဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက် (၀၉:၃၀) နာရီက ကွင်းဆင်းစစ်ဆေးကြသည်။


ထိုသို့စစ်ဆေးရာတွင် ရှေးဦးစွာ လွိုင်လင်မြို့၊ အမှတ်(၁)ရပ်ကွက်အတွင်း ဆောင်ရွက် ပြီးစီးသည့် (၄၀၀) ဗို့ဓာတ်အားလိုင်း (ဝ.၇၆) မိုင်အား AAC 95 mm2 တိုးချဲ့ တည်ဆောက်ခြင်းလုပ်ငန်းကို ကြည့်ရှု့စစ်ဆေးသည်။ ယင်းနောက် လွိုင်လင်မြို့ အမှတ် (၄) ရပ်ကွက်အတွင်း (၄၀၀) ဗို့ဓာတ်အားလိုင်း (ဝ.၂၅) မိုင်အား AAC 95 mm 2 တိုးချဲ့ တည်ဆောက်ခြင်းကိုလည်းကောင်း၊ ထိုမှတစ်ဆင့် ပင်လုံမြို့၊ အမှတ် (၂) ရပ်ကွက်တွင် (၃၁၅) ကေဗွီအေ ထရန်စဖော်မာတစ်လုံး အဆင့်မြှင့်တင်ခြင်းကိုလည်းကောင်း၊ ထို့နောက် လွိုင်လင်ဓာတ်အားခွဲရုံ 66/11KV,10 MVA တွင် Epoxy Paint သုတ်ခြင်း( ၄၅ ပေ ၊ ၃၀ ပေ) တို့ကို ကွင်းဆင်းကြည့်ရှု့စစ်ဆေးကြသည်။ ဆက်လက်၍ နံနက် (၁၁:၃၀) နာရီတွင် လွိုင်လင်မြို့နယ်၊ မိုင်းပွန်မြို့ရှိ မိုင်းပွန်ဓာတ်အားခွဲရုံသို့ရောက်ရှိပြီး  33/11 KV, 5 MVA တွင်  Epoxy Paint သုတ်ခြင်း (၄၅ ပေ ၊ ၃၀  ပေ) လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း ၊ ယင်းနောက် မိုင်းပွန်မြို့ ၊ မြို့ဦးရပ်ကွက် ၊လယ်တောရပ်ကွက်နှင့် ဈေးပိုင်းရပ်ကွက်များတွင် လျှပ်စစ်ဓာတ်အား ကောင်းမွန်စွာ သုံးစွဲနိုင်ရေးအတွက် (၄၀၀) ဗို့ဓာတ်အားလိုင်း (၁.၃) မိုင်အား လိုင်းဟောင်းဖြုတ်သိမ်း၍  AAC 95 mm2 ဖြင့် တည်ဆောက်ပြီးစီးမှုကို လည်းကောင်း ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)