MNP - နိုဝင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုဲစိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့်ဟောပြောပွဲကို နိုဝင်ဘာ (၁၅)ရက်နေ့၊ မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
အဆိုပါ ပြိုင်ပွဲတွင် ကျောင်းသား/သူများအား ဉာဏ်ရည်၊ ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကိုယ်ရည်ကိုယ်သွေးထက်မြတ်လာစေရန် အသိပညာဗဟုသုတများ တိုးလာစေရန် ရည်ရွယ်၍ စိတ်ကြိုက် ပန်းချီပြိုင်ပွဲများ ကျင်းပပေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ဟောပြောတွင် ခရိုင်အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်ခင်ပပစိုးက အမျိုးသားအောင်ပွဲ နေ့ဖြစ်ပေါ်လာပုံသမိုင်း အကြောင်းနှင့် မြို့နယ်ဉီးစီးမှူး ဉီးဧဆက်မှ အမျိုးသားစိတ်ဓာတ်အကြောင်း သိကောင်းစရာများကို ဟောပြောခဲ့သည်။
ထို့နောက်ဆုပေးပွဲကျင်းပခဲ့ရာ (၁၀၂)နှစ်မြောက်မျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြို စိတ်ကြိုက်ပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ်ဆု ရရှိသူများကို ခရိုင်အမျိုးသမီး ရေးရာ ဥက္ကဋ္ဌ ဒေါ်ခင်ပပစိုးနှင့်မြိူ့နယ် အမျိုးသမီးရေးရာ ဥက္ကဋ္ဌ ဒေါ်ဒုံးစေ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဧဆက်နှင့် တာဝန်ရှိသူများက ဆုတံဆိပ်များအား အသီးသီးချီးမြှင့်ပေးခဲ့ကြပြီး၊ စုပေါင်းအမှတ်တရ မှတ်တမ်းဓာတ်ပုံများရိုက်ကူး ခဲ့ကြကြောင်းသိရသည်။
သတင်း - လင်းလင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment