ဘုတ်ပြင်းမြို့တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်ချောင်းတာစူးကျေးရွာ(၇)ရက်သားသမီးများမှစုပေါင်းမဟာဘုံကထိန်အလှူတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုတ်ပြင်းမြို့တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်ချောင်းတာစူးကျေးရွာ(၇)ရက်သားသမီးများမှစုပေါင်းမဟာဘုံကထိန်အလှူတော် ကျင်းပ

 


MNP - နိုဝင်ဘာ  ၄


တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်ချောင်းတာစူးကျေးရွာ (၇)ရက်သားသမီးများမှ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကို ဘုတ်ပြင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အခမ်းအနား တက်ရောက်လာကြသည့်ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ကာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ရတနာရာမကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာသီရိထံမှ ငါးပါးသီလခံယူ ဆောက် တည်၍ ဆရာတော်သံဃာတော်များထံမှ ပရိတ်တရာတော်နာယူကြပြီး အောင်မေတ္တာတောရကျောင်း ဆရာတော် ဘဒ္ဒန္တသောဘိတ ထံမှ အနုမောဒနာတရား နာကြားကြသည်။


ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးနှင့် အဖွဲ့ဝင်များ၊  မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ အောင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများက ကထိန်သင်္ကန်းနှင့်တကွ လှူဖွယ်ဝတ္ထုပစ္စည်း အစုစုတို့အား ဆရာတော်အရှင်သူမြတ်များထံသို့ ဆက်ကပ်လှူဒါန်းကြ ပြီး၊ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။


ယင်းနောက် ဆရာတော်၊ သံဃာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ ဘုတ်ပြင်း ခရိုင်နှင့် မြို့နယ်ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာပွဲတွင် ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များစုပေါင်းလှူဒါန်း ခဲ့ကြသည့် ငွေပဒေ သာပင်များ နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ အပါအဝင်လှူဒါန်းငွေ စုစုပေါင်း ကျပ်( ၉၂၀၆၅၀၀ ) တန်ဖိုးရှိ ငွေပဒေသာပင်( ၂၀ )ပင်  အား ဘုတ်ပြင်းမြို့ ချောင်းတာစူးကျေးရွာ ဂန္ဓာရုံကျောင်းတိုက်သို့ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)