စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)ကြိမ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)ကြိမ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

 




MNP - နိုဝင်ဘာ  ၄


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုငိ စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄) ကြိမ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်ပို က်ကျော်ခြင်းပြိုင်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် ပိုက်ကျော်ခြင်းပြိုင်ပွဲအား ယနေ့ နိုဝင်ဘာ၄ရက် နံနက် ၉ နာရီ အချိန်ကစတင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း၌ ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါပိုက်ကျော်ခြင်းပြိုင်ပွဲသို့ စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းနိုင်၊ ရဲမှူးကြီးကျော်ခိုင်စိုးနှင့် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်တို့ကပိုက်ကျော်ခြင်း ယှဉ်ပြိုင် ကစားကြပုံများကို ကြည့်ရှုအားပေးခဲ့သည်၊၊ ထို့နောက်ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က ရှင်းလင်းပြောကြားခဲ့ပြီး အထွေထွေ အုပ်ချုပ်ရေးစာရေးဝန်ထမ်းများမှ အဖွဲ့လိုက်မဲနှိုက်၍ အသင်းများခွဲ၍ အသင်း(၁၂)သင်းဖြင့် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး နိုဝင်ဘာ ၄ ရက်နေ့မှ နိုဝင်ဘာ ၇ ရက်နေ့အထိ ယှဉ်ပြိုင်ကစား ကြမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ သိရသည်။


သတင်း - မောင်လွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)