မရမ်းကုန်းမြို့နယ်၌ ရဲဗလရွှေတံဆိပ်နှင့် ဂုဏ်ပြုစာလွှာများပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မရမ်းကုန်းမြို့နယ်၌ ရဲဗလရွှေတံဆိပ်နှင့် ဂုဏ်ပြုစာလွှာများပေးအပ်ပွဲ အခမ်းအနားကျင်းပ

 



MNP - နိုဝင်ဘာ   ၄


ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ယမန်နေ့မွန်းလွဲ ၃း၀၀နာရီက ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ နိုင်ငံတော်တာဝန်ထမ်းဆောင်ရင်း သေဆုံး/ ကျဆုံးနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူ့ဝန်ထမ်းများအတွက် ရဲဗလရွှေတံဆိပ်နှင့် ဂုဏ်ပြုစာလွှာများပေးအပ်ပွဲ အခမ်းအနားကျင်းပ ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင်က အဖွင့်အမှာစကားပြောကြားပြီး ရဲဗလရွှေတံဆိပ်နှင့်ဂုဏ်ပြုစာလွှာရရှိသူများဖြစ်သည့် ရာအိမ်မှူး(၄)ဦးနှင့် ဆယ်အိမ်မှူး (၁)ဦးထံသို့ ဆုတံဆိပ်နှင့်ဂုဏ်ပြုလွှာများပေးအပ်ခဲ့သည်။


အဆိုပါအခမ်းအနားသို့ ရဲဗလတံဆိပ်ရရှိသူ ရာအိမ်မှူး/ ဆယ်အိမ်မှူးများနှင့် မိသားစုဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


 သတင်း -  အေးအေးအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)