နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတအသင်းမှ အခမဲ့ ကွန်ပျူတာသင်တန်း ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတအသင်းမှ အခမဲ့ ကွန်ပျူတာသင်တန်း ဖွင့်လှစ်

 



MNP - နိုဝင်ဘာ   ၄  


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ပညာလင်္ကာရ၏ ဦးဆောင်မှုဖြင့် အခမဲ့ ကွန်ပျူတာသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က သဖန်းကိုင်းပရဟိတ ကွန်ပျူတာသင်တန်းခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ ကွန်ပျူတာသင်တန်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အခြေခံကွန်ပျူတာစာစီစာရိုက် နည်းများနှင့်  သက်ဆိုင်ရာ ဘာသာရပ်များကို နည်းပြ(၆)ဦးက သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ကွန်ပျူတာသင်တန်းသို့ နောင်ချိုမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများနှင့် ရပ်ဝေးမှ သင်တန်းသား၊ သင်တန်းသူ(၅၀)ဦး တက်ရောက်ကာ သင်တန်းကာလမှာ ၂၀၂၂ခုနှစ်၊ ယမန်နေ့မှ ဒီဇင်ဘာလ (၄)ရက်နေ့အထိ (၁)လကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ရပ်ဝေးမှ လာရောက်သည့် သင်တန်းသား၊ သင်တန်းသူများအား နေထိုင်၊ စားသောက်ရေးကိစ္စများကို စီစဉ် ဆောင်ရွက်ပေးထားကြောင်း  သဖန်းကိုင်းဆရာတော်ထံမှ သိရသည်။


သတင်း - ထွေးငယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)