တာမွေမြို့နယ်တွင် (၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အကြို လှုပ်ရှားမှုများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် (၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အကြို လှုပ်ရှားမှုများဆောင်ရွက်





MNP ၊  နိုဝင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ နားမကြားသောကလေးများ ကျောင်း(ရန်ကုန်)တွင် ယနေ့နံနက်ပိုင်းအချိန်က လူမှုဝန်ထမ်းဦးစီးဌာန၏ စီစဉ်မှုဖြင့် (၃၃)နှစ် မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် (UNCRC Day) နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အကြို လှုပ်ရှားမှုများအဖြစ် အားကစားပြိုင်ပွဲများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ နားမကြား သော ကလေးများကျောင်း(ရန်ကုန်)မှ ကျောင်းသား/သူလေးများ အားပါးတရ ပါဝင်ယှဉ်ပြိုင် ခဲ့ကြ ကြောင်း သိရသည်။

အဆိုပါ (၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘော တူစာချုပ် (UNCRC Day) နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အကြို လှုပ်ရှားမှုများအဖြစ် အားကစား ပြိုင်ပွဲများ ကျင်းပဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူမှု ဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်ကျောင်းသား/သူ များ၏ မိဘအုပ်ထိန်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် (UNCRC) သည် ကမ္ဘာတစ်ဝှမ်းလုံးရှိ ကလေးသူငယ်တိုင်းကို ကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက် ချုပ်ဆိုခဲ့သည့် နိုင်ငံတကာ သဘောတူစာချုပ်တစ်ခုဖြစ်ပြီး ကမ္ဘာပေါ်ရှိ ကလေးသူငယ်တိုင်း အသက်ရှင်သန်နိုင်ရန်၊ ဖွံ့ဖြိုးတိုးတက်ရန်၊ ၎င်းတို့အပေါ် ကျရောက်သည့် ဘေးအန္တရာယ်အားလုံးကို ကာကွယ်ပေးနိုင်ရန်၊ ကလေးသူငယ်တိုင်း ပါဝင်နိုင်မှုကို အားပေးဖို့ လိုအပ်သည့် အခွင့်အရေးတွေကို ကမ္ဘာ့ကုလသမ္ဂက ၁၉၈၉ခုနှစ် နိုဝင်ဘာလ(၂၀)ရက်နေ့တွင် ပြဌာန်းခဲ့ကြောင်း၊ ၁၉၉၀ခုနှစ်တွင် အဆိုပါသဘောတူ စာချုပ်အား နိုင်ငံပေါင်း(၂၀) လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် အဆိုပါစာချုပ်အား ၁၉၉၁ခုနှစ် ဩဂုတ်လ (၁၅)ရက်နေ့တွင် ပါဝင်အတည်ပြုလက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ ကလေး သူငယ်များအား အကြမ်းဖက်ခြင်း၊ လွဲမှားစွာ ပြုကျင့်ခြင်း၊ လျစ်လျူရှုခြင်း၊ ခေါင်းပုံဖြတ်ခြင်း စသည့် ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတား ဖြစ်စေသော လုပ်ရပ်များကို လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများနှင့် ပူးပေါင်းကာကွယ်တားဆီး စောင့်ရှောက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။


ထက်တံခွန်(တာမွေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)