မဘိမ်းမြို့၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဘိမ်းမြို့၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

 


MNP - နိုဝင်ဘာ  ၂၀     


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မဘိမ်းမြို့၊ အခြေခံပညာအထက်တန်း ကျောင်း၊ မြသီတာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်သန်းတင်က တိုးတက်ပြောင်းလဲလာသော ပညာရေးစနစ်နှင့်အညီ သင်ကြားရေးပိုင်းတွင် လည်း ဆရာ၊ ဆရာမများအနေဖြင့် မြို့နယ်အတွင်း ပညာရေးကဏ္ဍ တိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အရည်အချင်းပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးခြင်းသည် အလွန်အရေးကြီးသည့် လုပ်ငန်းစဉ်များဖြစ်ပါကြောင်း၊ စီမံခန့်ခွဲမှုလုပ်ငန်းသည်လည်း အလွန်အရေးကြီးသဖြင့် စီမံခန့်ခွဲမှုကောင်းမှသာ ပညာရေးလုပ်ငန်းများ အောင်မြင်မည်ဖြစ်ပါကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင်ရာဒေသ၏ သင်ကြားမှုသင်ယူမှုနှင့် စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များကို အချင်းချင်းဖလှယ်ခြင်းဖြင့် စွမ်းဆောင် ရည်များ တိုးတက်လာမည်ဖြစ်ပါကြောင်းနှင့် ဆွေးနွေးပွဲတွင် စိတ်ပါဝင်စားစွာ သင်ယူလေ့လာကြပြီး ပညာရေးကဏ္ဍတွင် ရလဒ်ကောင်းများ ရရှိအောင် ဆောင်ရွက်ကြစေလိုကြောင်း အမှာစကားပြော ကြားသည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် တာဝန်ခံ ကျောင်းအုပ်ကြီးများ စုစုပေါင်း ၅ဝ ဦး တက်ရောက်ခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၁၉ ရက်နေ့ မှ ၂ဝ ရက်အထိ (၂)ရက်ကြာ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။


သတင်း - မျိုးမင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)