လှည်းကူးပညာရေးဒီဂရီကောလိပ်၏ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများနှင့် သင်ကြားရေးအထောက်အကူပြု ဆရာ၊ ဆရာမများအတွက် ဆရာအတတ်ပညာအရည်အသွေးမြှင့် အထောက်အကူပြုလုပ်ငန်း ဆွေးနွေးပွဲ ပြီးမြောက်ခြင်းအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှည်းကူးပညာရေးဒီဂရီကောလိပ်၏ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများနှင့် သင်ကြားရေးအထောက်အကူပြု ဆရာ၊ ဆရာမများအတွက် ဆရာအတတ်ပညာအရည်အသွေးမြှင့် အထောက်အကူပြုလုပ်ငန်း ဆွေးနွေးပွဲ ပြီးမြောက်ခြင်းအခမ်းအနား ကျင်းပ




MNP - နိုဝင်ဘာ  ၂၇


ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ လှည်းကူးပညာရေးဒီဂရီကောလိပ်၏ တိုင်း ရင်းသားဘာသာစကားသင် ဆရာ/မများနှင့် သင်ကြားရေးအထောက်အကူပြုဆရာ/မများအတွက် ဆရာအတတ်ပညာအရည်အသွေးမြှင့် အထောက်အကူပြုလုပ်ငန်း ဆွေးနွေးပွဲပြီးမြောက်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက လှည်းကူးပညာရေးဒီဂရီကောလိပ်၏ ပညာအားမာန်ခမ်းမ၌ ကျင်းပပြုလုပ် သည်။


ရှေးဦးစွာ ပညာရေးဒီဂရီကောလိပ်ကျောင်းသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး လှည်းကူး ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်အေးအေးလွင်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး တိုင်းရင်းသားဘာသာစကားသင် ဆရာ/မများအတွက် အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲပြီး မြောက်ခြင်းလတ်မှတ်များကို ကျောင်းအုပ်ကြီး ဒေါ်အေးအေးလွင်က ပေးအပ်ရာ ဆရာ/မများက လက်ခံရယူခဲ့သည်။ ထို့နောက်ကြီးကြပ်ရေးမှူးများနှင့်ဘာသာ ရပ်အလိုက် ဆွေးနွေးပို့ချသော ဆရာ/မများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။ အခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ လှည်းကူးပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ဆရာ/မများ၊ သင်တန်းသား/သူ များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


သတင်း - အေးအေးနွဲ့


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)