မွန်ပြည်နယ်ဝန်ကြီးချုပ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ပဒေသာကပွဲကြီးတွင် သွားရောက်ဖျော်ဖြေတင်ဆက်မည့် နှစ်ပါးခွင်အက ဖျော်ဖြေပွဲသို့တက်ရောက်၍ ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ပဒေသာကပွဲကြီးတွင် သွားရောက်ဖျော်ဖြေတင်ဆက်မည့် နှစ်ပါးခွင်အက ဖျော်ဖြေပွဲသို့တက်ရောက်၍ ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးအပ်




MNP ၊ နိုဝင်ဘာ ၂၂

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ပဒေသာကပွဲကြီးတွင် သဘင်အစည်းအရုံးမှ သွားရောက်ဖျော်ဖြေတင်ဆက်မည့် နှစ်ပါးခွင်အက ဂုဏ်ပြုဖျော်ဖြေပွဲ အခမ်းအနားကို ယမန်နေ့ ည ၇ နာရီအချိန်တွင် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေ့ဦးစွာ နှစ်ပါးခွင်အကတွင် ပါဝင်ကပြသူများ၏ အမည်စာရင်းကို မိတ်ဆက်ကြေညာပြီး စိုးသဘင် မင်းဗိုလ်အဖွဲ့မှ နှစ်ပါးသွားအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဌာနဆိုင်ရာများ တက်ရောက်ကြည့်ရှု အားပေးခဲ့ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်သဘင် အစည်းအရုံးဥက္ကဋ္ဌ ဦးစိုးသီဟအား ဂုဏ်ပြုဆုငွေကျပ် ၁၅ သိန်းအား လည်ကောင်း၊  မွန်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှုး ဦးတိုးဝင်းက ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ စုပေါင်းချီးမြှင့်ငွေကျပ် ၃ သိန်း ၈ သောင်းအား ခေါင်းဆောင် မင်းသား တက္ကသိုလ်မင်းဗိုလ်အား လည်ကောင်း ပေးအပ်ချီးမြှင့် ခဲ့သည်။  


ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက ဖျော်ဖြေတင်ဆက်ကပြသည့် အဖွဲ့အား မွန်ပြည်နယ် ကိုယ်စားသွားရောက် ဖျော်ဖြေခွင့်ရသည့်အတွက် ဝမ်းသာဂုဏ်ယူပါကြောင်း ကျန်းမာရေးကိုအလေးထား၍ စည်းစနစ်တကျဖြင့် မွန်ပြည်နယ်၏ ဂုဏ်ကို ထိန်းသိမ်းမြင့် တင်ကြစေလိုကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းဖော်ထုတ်၍ စွမ်းကုန်းမြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပြီး နောင်လာမည့် မျိုးဆက်သစ်များ ကိုလည်း လက်ဆင့်ကမ်း မျှဝေပေးသွားကြစေလိုကြောင်း ရင်းရင်းနှီးနှီး နှုတ်ဆက်၍အမှာစကား ပြောကြားခဲ့သည်။


(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲကို နေပြည်တော် မြို့တော်ခန်းမ လဟာပြင်ကဇာတ်ရုံ၌ နိုဝင်ဘာ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ ငါးရက်ကြာ ဖျော်ဖြေတင်ဆက် သွားမည်ဖြစ်ကြောင်း သိရသည်။


စည်သူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)