စစ်ကိုင်းမြို့တွင် အခြေခံမြားပစ် သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့တွင် အခြေခံမြားပစ် သင်တန်းဆင်းပွဲကျင်းပ

 



MNP - နိုဝင်ဘာ  ၂၅


အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံမြားပစ်သင်တန်းဆင်းပွဲကို ယနေ့ နံနက်(၁၀)နာရီက ပိုးတန်းရပ်ကွက် အားကစားခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။


သင်တန်းဆင်းပွဲတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဦးက နိုင်ငံတော်အစိုးရအနေနဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးကို အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးအဖြစ် တည်ဆောက်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိနေတဲ့အချိန်မှာ နိုင်ငံတော်ရဲ့ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်အနေနဲ့လည်း မြားပစ်အားကစားနည်း ရေရှည်ဖွံ့ဖြိုး တိုးတက်စေဖို့အတွက် အဖက်ဖက်ကနေ ဆောင်ရွက်လျက်ရှိကြောင်း၊ ဆောင်ရွက်ရာမှာ အခြေခံ ဒေသများဖြစ်တဲ့ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်/ ရပ်ကွက်/ ကျေးရွာများ၊ ကျောင်းများ အားလုံး နိုင်ငံတော်အနှံ့ နယ်စွန်နယ်ဖျား ဒေသများပါမကျန် တစ်ပြေးညီ တိုးတက်လာပါမှ နိုင်ငံတော်ရဲ့ အားကစားအဆင့် အတန်းဟာလည်း အချိန်တိုအတွင်းမှာ တိုးတက်မြင့်မားလာမှာ ဖြစ်ပြီး ပြည်သူလူထု တစ်ရပ်လုံး ပါဝင်ပတ်သက်နေတယ်ဆိုတာ အားလုံးသဘောပေါက်ထားကြဖို့ လိုကြောင်းပြောကြားကာ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်မင်းသန်းက ကျေးဇူးတင်စကား ပြောကြားပေးကာ သင်တန်းနည်းပြဆရာများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။


ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်တို့က သင်တန်းဆင်း လက်မှတ်များနှင့် မြားပစ်လက်ရည်စမ်းပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများအား ဆုများအသီးသီး ပေးအပ်ခဲ့ကြကာ လက်ရည်စမ်းမြားပစ်နေမှုများအား ကြည့်ရှုအားပေးခဲ့ ကြသည်။


အဆိုပါ သင်တန်းဆင်းပွဲသို့ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူ များ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာများ၊ သင်တန်း နည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ဇော်မြင့်နိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)