မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ (၁၀၂)နှစ်မြောက် အမျိုးအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြိုင်ပွဲများ ကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ (၁၀၂)နှစ်မြောက် အမျိုးအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြိုင်ပွဲများ ကျင်းပပြုလုပ်



MNP - နိုဝင်ဘာ   ၁၂


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် (၉)နာရီအချိန်က ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်ချက်ဖြင့် (၁၀၂)နှစ် မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


 အဆိုပါ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲများကို ကျောင်းသား၊ကျောင်းသူ(၁၂၂)ဦးတို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ခံအရာရှိ ကျောင်းအုပ်ကြီး ဒုတိယဗိုလ်မှူးကြီးရဲမြင့်အောင်နှင့် ဆရာ၊ဆရာမများပါဝင်သော တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက် ကျင်းပပေးခဲ့ကြောင်း သိရသည်။


သတင်း - မြတ်မွန်ခင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)