မဘိမ်းမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဘိမ်းမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



MNP - နိုဝင်ဘာ   ၁၉


ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။  


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်  မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးဟိန်းသူဝင်းက မြို့နယ်အတွင်းရှိ ကလေးသူငယ်များအနေဖြင့် တွေ့ကြုံနေရသည့် ကလေး သူငယ်အခွင့်အရေး ရရှိမှုအခြေအနေများနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး ဒေါ်မေသိမ့်သိမ့်မိုးက မြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။


ထို့နောက် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဝင်များက ကလေးသူငယ်အခွင့် အရေးများနှင့်ပတ်သက်၍ မိမိတို့နှင့်သက်ဆိုင်သည့် လုပ်ငန်းဆောင်ရွက်ချက်များကို အသီးသီးရှင်း လင်းဆွေးနွေးကြရာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌက မြို့နယ်အတွင်းရှိ ကလေးသူငယ်များအနေဖြင့် အဆိုပါကလေးသူငယ် အခွင့်အရေးများနှင့်ပတ်သက်၍ ထိခိုက်နစ်နာမှုများရှိလာပါက သက်ဆိုင်ရာကော်မတီဝင်များထံသို့ အမြန်ဆုံးအကြောင်း ကြားကြရန်နှင့် ကော်မတီဝင်များကလည်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - မျိုးမင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)