ရွှေပြည်သာမြို့နယ်၌ မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေပြည်သာမြို့နယ်၌ မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲ အခမ်းအနားကျင်းပ

 


MNP - နိုဝင်ဘာ   ၁၉


 ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက် ၉နာရီခွဲအချိန်တွင်အမှတ်(၂၁)ရပ်ကွက်လိန်ကုန်းကျေးရွာကွင်းအမှတ်(၂၈၃)တောင်သူဦးသန်းထွန်း၏တိုက်ရိုက်မျိုးစေ့ချ စိုက်ကွက်(၄)ဧကတွင်GW-11 စပါးအမျိုးအစားအားရိတ်သိမ်းခဲ့ကြောင်း သိရသည်။


မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၊မြို့နယ်စီမံကိန်း ဦးစီးမှူးဒေါ်နွယ်နီအေး၊ မြို့နယ်ပညာရေးမှူး ဦးဝင်းမြင့်၊မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးခင်မောင်မြင့်နှင့်ဌာနဆိုင်ရာများ၊ တောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။


မိုးစပါးရိတ်သိမ်းပွဲတွင် GW-11စပါးအမျိုးအစားအားတိုက် ရိုက်မျိုးစေ့ချစိုက်ပျိုးခဲ့ပြီး (၁)ဧက လျှင်အစိုထွက်နှုန်း(၁၀၈) တင်းအခြောက်(၁)ဧကလျှင် (၁၀၂)တင်းနှုန်းထွက်ရှိကြောင်း သိရ သည်။


သတင်း - နေမျိုးထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)