၂၀၂၂ခုနှစ်၊ ဆီထွက်သီးနှံ(နေကြာ)တိုးချဲ့စိုက်ပျိုးရေးစီမံကိန်း ကွင်းလက်တွေ့ စိုက်ပျိုးပြသပွဲ ကို ထန်းတပင်မြို့နယ်တွင်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၂ခုနှစ်၊ ဆီထွက်သီးနှံ(နေကြာ)တိုးချဲ့စိုက်ပျိုးရေးစီမံကိန်း ကွင်းလက်တွေ့ စိုက်ပျိုးပြသပွဲ ကို ထန်းတပင်မြို့နယ်တွင်ကျင်းပ






MNP - နိုဝင်ဘာ   ၁၉


၂၀၂၂ခုနှစ်၊ ဆီထွက်သီးနှံ(နေကြာ)တိုးချဲ့စိုက်ပျိုးရေးစီမံကိန်း  ကွင်းလက်တွေ့ စိုက်ပျိုး ပြသပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင် မြို့နယ်တွင် ဓနဲရိ ကျေးရွာရှိ တောင်သူ ဦးမြင့်ဝေ၏ ကွင်းအမှတ်(၂၄၈)၊ ကြာအင်းကွင်း၊ လယ်(၂)ဧကတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။


ဆီထွက်သီးနှံ(နေကြာ) လက်တွေ့စိုက်ပျိုးပြသရာတွင်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး နှင့်မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းကိုနှင့် စိုက်ပျိုးရေး ဝန်ထမ်းများ၊  ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများကနေကြာမျိုးစေ့များကို လက်တွေ့စိုက်ပျိုးခဲ့ကြကြောင်းလည်းသိရသည်။


ဒေသတွင်းစာသုံးဆီဖူလုံစေရေးအတွက် ထန်းတပင်မြို့နယ်အတွင်း ဆီထွက်သီးနှံ(နေကြာ) ကိုစိုက်ပျိုးခြင်းဖြစ်ပြီး ဆီထွက်သီးနှံ(နေကြာ)စိုက်ပျိုးနိုင်ရေးအတွက်လည်း မြို့နယ်အတွင်းရှိ တောင်သူများအား အသိပညာပေးလုပ်ငန်းများဖြစ်သည့် နေကြာသီးနှံစိုက်ပျိုးရေး နည်းစနစ် များအကြောင်းရှင်းလင်းခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် တောင်သူများအား နေကြာမျိုးစေ့ထောက်ပံ့ ပေးအပ်ခြင်း များကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။


သတင်း - ဇင်မင်းထိုက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)