မှော်ဘီမြို့နယ် သမဝါယမအသင်းစုလီမီတက်၏ နှစ်ပတ်လည်အစည်းအဝေး အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မှော်ဘီမြို့နယ် သမဝါယမအသင်းစုလီမီတက်၏ နှစ်ပတ်လည်အစည်းအဝေး အခမ်းအနား ကျင်းပ

 


MNP - နိုဝင်ဘာ   ၁၉


ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီ မြို့နယ် သမဝါယမအသင်းစုလီမီတက်၏ (၂၀၁၉-၂၀၂၀)(၂၀၂၁-၂၀၂၂) ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည်အစည်းအဝေး အခမ်းအနား ကို ယနေ့နံနက် ၁၀နာရီ အချိန်က သမဝါယမအသင်းစုလီမီတက် ရုံးခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးထွန်းမြင့်ကလုပ်ငန်းဆိုင်ရာများ ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး၊သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဥမ္မာမြင့်က အမှာစကားပြောကြားခြင်း၊ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို အုပ်ချုပ်မှု ဒါရိုက်တာ ဦးအေးကြူမှ ဖတ်ကြားခြင်း၊ အသင်းသားစာရင်း စစ်အဖွဲ့၏ အစီခံစာအား မှော်ဘီမြို့နယ် သမဝါယမ အသင်းစုလီမီတက် အဖွဲ့ဝင် ဦးကျော်ရွှေမှ ဖတ်အားခဲ့ကြောင်းသိရသည်။


ဆက်လက်၍ အသင်းဝင်ကိုယ်စားလှယ်များက ဆွေးနွေးမေးမြန်းခြင်းနှင့် ဆေးနွေးမေး မြန်းချက်များကို ဒါရိုက်တာအဖွဲ့က ရှင်းလင်း ဆွေးနွေးခြင်း၊ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီ ရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်း အသင်းသား စာရင်းစစ်အဖွဲ့၏ အစီရင်ခံစာတို့ကို အတည်ပြုချက်ရယူပြီး CHINA EXIM BANK ချေးငွေ (၁၁)ကြိမ်နှင့် (၁၂)ကြိမ်ချေးငွေများ စောလျင်စာ ပေးဆပ်ခဲ့သော အသင်းသားများ အားဂုဏ်ပြုဆုချီးမြှင့်ခဲ့ပြီး အခြေခံအသင်း (၈၂)သင်းများသို့ ရန်ကုန် တိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဥမ္မာမြင့်က အစုပေါ်အမြတ်ငွေ ကျပ် (၁၉၂)သိန်း ပေးအပ်ခဲ့ကြောင်းသိရသည်။


သတင်း - ကောင်းမြတ်သူ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)