ရခိုင်ပြည်နယ်ချေးငွေအကြံပေးအဖွဲ့ (၁/၂၀၂၂)အစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ်ချေးငွေအကြံပေးအဖွဲ့ (၁/၂၀၂၂)အစည်းအဝေးကျင်းပ

 



MNP - နိုဝင်ဘာ   ၂၉


စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ အချိန်စေ့လွန်ကြွေးကျန်များကောက်ခံရေး၊ ချေးငွေထုတ်ချေးရေးနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်ချေးငွေအကြံပေးအဖွဲ့ (၁/၂၀၂၂)အစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။


ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ချေးငွေအကြံပေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က နိုင်ငံတော်၏စီးပွားရေးသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့်စီးပွားရေးစနစ်ဖြစ်သည့်အတွက်ကြောင့် လယ်ယာစိုက်ပျိုးရေးကို စဉ်ဆက်မပြတ်လုပ်ဆောင်နေရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တောင်သူလယ်သမားများအတွက် စိုက်ပျိုးစရိတ်များ၊ သွင်းအားစုများလိုအပ်ပါကြောင်း၊ သွင်းအားစုများသည် စိုက်ပျိုးစရိတ်ချေးငွေဖြင့်ဝယ်ယူရသည့်အတွက်ကြောင့် လယ်သမားများထံသို့ စိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီထုတ်ချေးပေးနိုင်ရေးကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ တောင်သူလယ်သမားများအနေဖြင့်လည်း ချေးငွေများကို သတ်မှတ်ကာလအတွင်း ပေးဆပ်ရန်လိုအပ်နေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ချေးငွေအကြံပေးအဖွဲ့ဝင်များအနေဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ အချိန်စေ့လွန်ကြွေးကျန်များကို ပြန်လည်ကောက်ခံရရှိရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ရခိုင်ပြည်နယ်ဘဏ်ခွဲမန်နေဂျာ ဦးဘကျော်တင်က နှစ်စဉ်ချေးငွေထုတ်ချေးမှု၊ JICA (Two Step Loan)၊ MEB (Two Step Loan) ထုတ်ချေးနိုင်မှု၊ အချိန်စေ့လွန်ကြွေးကျန်များဖြစ်ပေါ်နေမှုအခြေအနေနှင့် ပြန်လည်ကောက်ခံရရှိနိုင်မည့်အခြေအနေများကို အသေးစိတ်ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ တက်ရောက်လာကြသော ချေးငွေအကြံပေးအဖွဲ့ဝင်များက အချိန်စေ့လွန်ကြွေးကျန်များကို ပြန်လည်ကောက်ခံရရှိရေးအတွက် မိမိတို့ဌာနအလိုက် ပူးပေါင်းဆောင်ရွက်ပေးနိုင်ရေး အကြံပြုဆွေးနွေးတင်ပြကြရာ ချေးငွေအကြံပေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - တင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)