ကျိုက်လတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်လတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

 


MNP - နိုဝင်ဘာ   ၁၆


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ လှည်းဆိပ်ကျေးရွာအုပ်စု၊ ကွင်းအမှတ်-၉၉ (B) တဘိုးကုန်းအရှေ့ကွင်း၊ ဦးပိုင်အမှတ် (၁၇/၃) ၊ ဧရိယာ (၈.၅၁) ဧကရှိ တောင်သူဦးအောင်သန်း စိုက်ပျိုးသော လယ်မြေအတွင်းမှ စိုက်ပျိုးထားသည့် ဒေသစပါးမျိုး ပေါ်ဆန်းရင် (သင့်) အဆင့်အတန်း ကိုယ်စားပြုစံကွက်ကို ခရိုင်/မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် (၉) နာရီက ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပခဲ့သည်။


အဆိုပါ ရိတ်သိမ်းပွဲသို့ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းအောင် နှင့်အဖွဲ့ဝင်များ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသောင်းနိုင်ဦး၊ မြို့နယ်ဦးစီးမှူး ဦးကျော်သူလင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိူးရေး ဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြပြီး မိုးဦးကာလစိုက်ပျိူးခဲ့သည့် ပေါ်ဆန်းရင်စပါးမျိုးကို တောင်သူများနှင့်အတူ စံကွက်ရိတ်သိမ်းပွဲ ကျင်းပခြင်းဖြစ်ကြောင်းနှင့် အဆိုပါကွင်း၏ ပေါ်ဆန်းရင် ကိုယ်စားပြု (သင့်) ဧရိယာ ၁၈ ဧကအတွက် စပါးအခြောက်တင်း တစ်ဧက ၅၇.၇၉ တင်းထွက်ရှိကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။


သတင်း - ဒေါ်ရီရီမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)