နေပြည်တော်အတွင်းရှိ သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းဆု (Clean and Green School Award ) ယှဉ်ပြိုင်လျှောက်ထားကျောင်းများသို့ သွားရောက်လေ့လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်အတွင်းရှိ သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းဆု (Clean and Green School Award ) ယှဉ်ပြိုင်လျှောက်ထားကျောင်းများသို့ သွားရောက်လေ့လာ



MNP - နိုဝင်ဘာ  ၁၆


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ကျောင်းဆု (Clean and Green School Award) ယှဉ်ပြိုင်လျှောက်ထား ကျောင်းများအချင်းချင်း အသိ ပညာဖလှယ်ရေးအစီအစဉ်အရ သွားရောက်လေ့လာခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါဆု ပါဝင်ယှဉ်ပြိုင်လျှောက်ထားသည့်ကျောင်းဖြစ်သည့် ဥတ္တရသီရိမြို့နယ်၊ တောင်ညို ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ ၊ဆရာများနှင့်၊ ကျောင်းသား၊ ကျောင်းသူများက ဆောင်ရွက်ခဲ့သည်။


ထိုသို့ လေ့လာရာတွင် ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးမျိုးချစ် ဦးစီး၍ မြို့နယ်ပညာရေးမှူး ဦးသန်းဆွေ၊ တောင်ညိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား ၊ ကျောင်းသူများက သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းဆု (Clean and Green School Award) ယှဉ်ပြိုင်လျှောက်ထားလာသည့် ဇေယျာသီရိမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်လေ့လာခဲ့ကြပြီး နေပြည်တော်အနေဖြင့် ယခု ကျောင်း (၃) ကျောင်းအပါအဝင် သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ကျောင်းဆု (Clean and Green School Award ) ယှဉ်ပြိုင်လျှောက်ထားလာသည့် ကျောင်းပေါင်း (၁၂) ကျောင်း ရှိကြောင်း သိရသည်။


သတင်း - အောင်မျိုးဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)