ကျောက်ဆည်မြို့နယ်တွင် နှစ်စဉ်ကျင်းပပြုလုပ်သည့် ရတနာ (၃ )ပါး ပူဇော်ပွဲကြီးအား (၆၂) ကြိမ် မြောက်အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် နှစ်စဉ်ကျင်းပပြုလုပ်သည့် ရတနာ (၃ )ပါး ပူဇော်ပွဲကြီးအား (၆၂) ကြိမ် မြောက်အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပ

 



MNP - နိုဝင်ဘာ   ၁၆


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပထမဝေဘူဆရာတော်ကြီးလက်ထက်မှ စတင်ပြီး တန်ဆောင်မုန်းလပြည့်ကျော် (၈) ရက်နေ့တွင်  နှစ်စဉ်ကျင်းပပြုလုပ်သည့် ရတနာ (၃) ပါး ပူဇော်ပွဲ ကြီးကို ယမန်နေ့နံနက် (၇) နာရီအချိန်က ကျောက်ဆည်မြို့၊ ဖောင်ရွာရပ်ကွက်၊ ဝေဘူချောင်တွင်  သာသနာ့နယ်မြေဝင်းအတွင်းတွင် (၆၂) ကြိမ်မြောက်အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။


အဆိုပါ ရတနာ(၃)ပါး ပူဇော်ပွဲတော်ကြီးကို ပထမ ဝေဘူဆရာတော်ကြီးလက်ထက်မှစတင်ပြီး မြို့နယ်အတွင်းရှိ ရဟန်းသံဃာတော်များ၊ သီလရှင်နှင့် ယောဂီများ ဆွမ်းကွမ်းဖူးလုံစေရေး အထောက်အပံ့ ဖြစ်စေရန်အတွက် လှူရှင်များစုပေါင်းပြီး ဆွမ်းဆန်စိမ်းနှင့် ဝတ္ထုငွေ၊ ပစ္စည်းများ စာရေးတံမဲဖောက် လှူဒါန်းသည့် အခမ်းအနားဖြစ်ကြောင်း သိရှိရကာ ယခုနှစ်တွင် ပင့်သံဃာ (၁၃၀၀) ပါး၊ သီလရှင် (၅၀၀) ပါးနှင့် ယောဂီ (၁၅၀) ဦးအား ပင့်လျောက်ပြီး အလှူရှင်များမှ အလှူမဏ္ဍပ် (၄၁၁) ခု ဆောက်လုပ်ပြီး သဒ္ဓါတရားထက်သန်စွာဖြင့် စည်ကားသိုက်မြိုက်စွာ လောင်းလှူခဲ့ကြကြောင်း သိရသည်။


ရတနာ (၃) ပါးပူးဇော်ပွဲတွင် အလှူခံရဟန်းသံဃာတော်များနှင့် သီလရှင်များအတွက် အလှူရှင်များက နိဗ္ဗာန်ဈေးဖွင့်လှစ်ကာ နံနက်အာရုံဆွမ်းနှင့် နေ့ဆွမ်းများ ဆပ်ကပ်ခဲ့ကြပြီး အလှူရှင်များအတွက် စတုဒီသာ ကျွေးမွေးကုသိုလ်ပြုခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)