MNP ၊ နိုဝင်ဘာ ၂၈
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့ ကျောင်းတောင်ကျေးရွာနှင့် ဆားချက်ကျေးရွာ ကြားရှိ ရေဆိပ် (ဒေသအခေါ်) ဖုန်းဆိုးဆိပ်ကမ်းတွင် ယမန်နေ့ ညနေပိုင်းက တရားမဝင် သစ်ခွဲသားများ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိကြောင်း သိရသည်။
ဆပ်သွားဘိနယ်အတွင်း တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ ထုတ်ယူသယ်ဆောင်ခြင်းမရှိစေရေးအတွက် ခလရ(၅၅)စစ်ကြောင်းမှ တာဝန်ရှိသူများ၊ နယ်မြေခံရဲတပ်ဖွဲ့နှင့် မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောင်းတောင်ကျေးရွာနှင့် ဆားချက်ကျေးရွာ ကြားရှိ ရေဆိပ် (ဒေသအခေါ်) ဖုန်းဆိုးဆိပ်ကမ်းတွင် တရားမဝင် ကညင်သစ်ခွဲသား(၂၁)ချောင်း ၊(၃.၀၁၂)တန်နှင့် တောင်သရက်ခွဲသား (၄၃)ချောင်း ၊(၇.၀၂၆)တန်၊ စုစုပေါင်း(၁၀.၀၃၈)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါဖမ်းဆီးရမိသော သစ်ခွဲသားများအား မြန်မာ့သစ်လုပ်ငန်း(ဂွမြို့)သို့ သယ်ယူပို့ဆောင်၍ သစ်တောဦးစီးဌာန ၏ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုးစက်
https://t.me/MyanmarNationalPost
No comments:
Post a Comment