မြောက်ဦးမြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ



MNP ၊ နိုဝင်ဘာ ၂၉

ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ မှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ မြို့နယ်အထွထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြောက်ဦးမြို့နယ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးစိုးသက်မှ မဲဆန္ဒရှင်မြေပြင်အမှန်ရရှိရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနနှင့်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန တို့ပူးပေါင်း၍ ကွင်းဆင်း စစ်ဆေးလျှက်ရှိပြီး ဝန်ထမ်းများခရီးလာမည်ဆိုလျှင် တရားဝင်စာတင်ပြီးမှ သွားလာကြ ရန် တို့ကိုမှာကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးမောင်အေးလှိုင် မှလည်း  ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ ပေါင်းစပ်လုပ် ဆောင်ကြရန် တို့ကိုပြောကြားခဲ့ပြီးနောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေး မှူး ဦးရွှေမောင်မှ လည်း ဒီနှစ်မိုးရာသီ မိုးနည်းသောကြောင့် လက်ဆည်ကန်တွင် ရေအပြည့် မရရှိသောကြောင့် နွေရာသီ ရောက်ရင် အခက်အခဲရှိလာနိုင်မှုကြောင့် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ နှင့် ပူးပေါင်း၍အခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် လုပ်ဆောင်လျှက် ရှိသည်တို့ ကို ရှင်းလင်းပြောကြားခဲ့ သည်။ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးလွင်ဖြိုးမှ လည်း ခုဆောင်းရာသီတွင် နေကြာစီမံကိန်း လုပ်ဆောင်ရှိသည်တို့ကို ရှင်းလင်းပြောကြားခဲ့ ပြီးနောက် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဌ မှ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပေါင်းစပ် ဆောင်ရွက်ကြရန်တို့ကို ပြောကြားခဲ့ကြောင်း  သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)