MNP - နိုဝင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ရှိ မော်လိုက်ကလေးအကျဉ်းထောင်မှ နိုင်ငံတော် လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသား(၂၇)ဦး လွှတ်ပေးခြင်အခမ်းအနားကို ယမန်နေ့မွန်းလွဲက အဆိုပါ အကျဉ်းဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းနှင့် တာဝနရှိသူများက လွတ်မြောက်လာသော အကျဉ်းသားများအား ဆုံးမသြဝါဒ စကားပြောကြားသည်။
ထို့နောက် မော်လိုက်ကလေးအကျဉ်းထောင် တာဝန်ခံမှ အမှာစကားပြောကြားပြီး လွှတ်ငြိမ်းချမ်းသာခွင့် ရရှိသူများအား ထောင်ထွက်လက်မှတ်နှင့် စားစရိတ်/ခရီးစရိတ်များကို တာဝန်ရှိသူများမှ ပေးအပ်ခဲ့ကြောင်းသိသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment