ပူတာအိုခရိုင်အတွင်း အထင်ကရနေရာများအနက်မှ နတ်ကျွန်းသည်လည်း လည်ပတ်စရာနေရာ တစ်ခုဖြစ်လာ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပူတာအိုခရိုင်အတွင်း အထင်ကရနေရာများအနက်မှ နတ်ကျွန်းသည်လည်း လည်ပတ်စရာနေရာ တစ်ခုဖြစ်လာ



MNP - နိုဝင်ဘာ  ၁၈


ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ အင်လွယ်ယာန်ကျေးရွာအနီးရှိ နတ်ကျွန်းသည်လည်း ပွင့်လင်းရာသီအချိန်တွင် အချိန်တိုအတွင်း နေ့ချင်းပြန်သွားရောက် လည်ပတ်နိုင်သော အထင်ကရနေရာတစ်ခု ဖြစ်သည်။


နတ်ကျွန်းသို့ ပွင့်လင်းရာသီအချိန်တွင် ကုန်လမ်းခရီး မော်တော်ဆိုင်ကယ်များဖြင့် ပူတာအိုမြို့-မချမ်းဘော့ မြို့-အင်လွယ်ယာန်ကျေးရွာသို့ တစ်နာရီခန့်နှင့် တစ်နာရီခွဲခန့် မောင်းနှင်သွားရောက် လည်ပတ်နိုင်ပြီး ရေကြောင်းခရီး စက်လှေဖြင့်လည်း အချိန်တိုအတွင်းသွား ရောက်လည်ပတ်နိုင်ကြောင်း သိရသည်။


နတ်ကျွန်းတွင် သဘာဝစိမ်းလန်းနေသော ရေအိုင်များနှင့် သဘာဝအလှရှုခင်းများစွာကို လေ့လာနိုင်ခြင်း၊ ကျွန်းပေါ်တွင် တည်ထားကိုးကွယ်သော စေတီပုထိုးများကိုလည်း ဖူးမြော်နိုင်ခြင်း၊ ပူတာအိုခရိုင်အတွင်း ခရီးသွားလုပ်ငန်းကို အထောက်အကူပြုသော အထင်ကရနေရာတစ်ခု အပါအဝင်ဖြစ်ခြင်းကြောင့် ပွင့်လင်းရာသီတွင် ပြည်တွင်းပြည်ပခရီး သွားပြည်သူများနှင့် ဒေသခံပြည်သူများ မိသားစုလိုက် သော်လည်းကောင်း၊ မိတ်ဆွေသူငယ်ချင်းအဖွဲ့လိုက်သော် လည်းကောင်း အဆက်မပြတ် လာရောက် လည်ပတ်လေ့ရှိကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။


သတင်း - ဖုန်ကန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)