ကြံခင်းမြို့တွင် မြို့နယ်အဆင့်အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့တွင် မြို့နယ်အဆင့်အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်



MNP - နိုဝင်ဘာ   ၂၀


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင်  မြို့နယ်ပညာရေးဌာန၏ ဦးဆောင်မှုဖြင့် ကျောင်းသား/သူများ၏ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ဖွံ့ဖြိုးစေရေးနှင့် ဖြတ်ထိုးဉာဏ်ရှိစေရန်ရည်ရွယ်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။


ပြိုင်ပွဲမစတင်မှီ မြို့နယ်ပညာရေးမှူး ဦးမောင်မောင်အေးနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာကြီး၊ ဆရာမကြီးများနှင့် တွေ့ဆုံပြီး မြို့နယ်အဆင့် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား/သူ များ၏ အဖြေလွှာစစ်ဆေးရာတွင် သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းနှင့် စနစ်တကျစစ်ဆေးရန်၊ တိုင်းဒေသကြီးအဆင့် ဖြေဆိုရန်ရွေးချယ်သော ကျောင်းသား/သူများ အရည်အချင်း ပြည့်သူများဖြစ်စေရန်၊ ရွေးချယ်ရမည့် အရေအတွက်နှင့် အချိန်ဇယားများကို ရှင်းလင်း ပြောကြားသည်။


ထို့နောက် ပြိုင်ပွဲစတင်ကျင်းပရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည် ဝင်ရောက်ဖြေဆိုကြမည် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ရွေးချယ်ခံရသော Grade(5)မှ Grade(9)ထိ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် (၉၂)ဦးနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် (၉၇)ဦးတို့ ဝင်ရောက်ဖြေဆိုကြပြီး ဖြေဆိုအောင်မြင်သော ကျောင်းသား/သူများကို တိုင်းဒေသကြီးအဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ဝင်ရောက်ဖြေဆိုရမှာဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူထံက သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)