World Vision Einme မှ ၎င်းတို့၏စီမံချက်၊ မျှော်မှန်းချက်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

World Vision Einme မှ ၎င်းတို့၏စီမံချက်၊ မျှော်မှန်းချက်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေး



MNP - နိုဝင်ဘာ  ၂၀


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် World Vision Einme မှ ၎င်းတို့အဖွဲ့ အစည်း၏ စီမံချက်၊ မျှော်မှန်းချက်များ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၁ နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ဆောင်ရွက်ခဲ့သည်။


အဆိုပါ အခမ်းအနားတွင် အိမ်မဲမြို့နယ် World Vision Einme မှ မြို့နယ်တာဝန်ခံ ဦးစောငြိမ်းချမ်းစိုးက World Vision အကြောင်း၊ World Vision ၏ စီမံချက်ကာလ သက်တမ်းအကြောင်း၊ World Vision ၏ မျှော်မှန်းချက်များအကြောင်းတို့ကို ပရိုဂျက်တာဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်က အသင်းအဖွဲ့များ၊ NGO အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျန်းမာရေး၊ နာရေးအသင်းအဖွဲ့များ အနေဖြင့် အသင်းအဖွဲ့ မှတ်ပုံတင်နိုင်ရေးတို့ကိုပြောကြားခဲ့သည်။


အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မှတ်ပုံတင်ရေး အဖွဲ့မှ တာဝန်ရှိသူများ၊ World Vision Einme မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - ချစ်သက်လယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)