ပုသိမ်မြို့နယ်အဆင့် သင်္ချာနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်မြို့နယ်အဆင့် သင်္ချာနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

 


MNP - နိုဝင်ဘာ   ၂၀


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အဆင့် သင်္ချာနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ပုသိမ်မြို့ရှိ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း(ထ-ခွဲ)နှင့် အမှတ်(၁၁) အခြေခံပညာ အထက်တန်းကျောင်းများ၌ ယမန်နေ့နံနက် ၈နာရီတွင် စတင်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။


ပုသိမ်မြို့၊ အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်း၌ သင်္ချာစွမ်းရည်ပြိုင်ပွဲကို မြို့နယ်အတွင်း အခြခံပညာကျောင်းအသီးသီးရှိ Grade-5 မှ Grade-9 အထိ ကျောင်းသား/သူ ၂၀၀ ကျော်တို့ ဖြေဆိုလျက်ရှိပြီး ဖြေဆိုချိန် ၁ နာရီ ၃၀ မိနစ်အပြီးတွင် လူတွေ့ဆက်လက် ဖြေဆိုရမည်ဖြစ်သည်။ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း(ထ-ခွဲ)တွင်လည်း အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ပြုလုပ်လျက်ရှိရာ အင်္ဂလိပ်စာဖြေဆိုသူ ၂၀၀ ကျော်ရှိပြီး အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ဖြေဆိုသူများ အနေဖြင့် လူတွေ့ဖြေဆိုခြင်းကို ၁၀.၁၁.၂၀၂၂ ရက်နေ့တွင် ဆက်လက်ဖြေဆိုကြရမည်ဖြစ်ကြောင်း ပုသိမ်မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သင်္ချာနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများကို မြို့နယ်အဆင့် ပြုလုပ်ခြင်းဖြစ်ပြီး တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲများ ဆက်လက်ပြုလုပ်သွားမည်ဟု သိရသည်။


သတင်း - မြင့်ဟန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)