MNP - နိုဝင်ဘာ ၂၀
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံ တရုတ်ဘာသာစကား သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဒေါ်ခိုင်သူဇာဝင်း(စာရေးဆရာမ ခင်လယ်လယ်ချစ်) က အဖွင့်အမှာစကားပြောကြား၍ သင်တန်းဆရာမ ဒေါ်အိနှင်းပွင့်က စာမေးပွဲ စည်းမျဉ်း စည်းကမ်းများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သင်တန်းသူလေးများက တရုတ်ဘာသာဖြင့် သီချင်းများ ဖျော်ဖြေတင်ဆက်သည်။ ထို့နောက် သင်တန်းထူးချွန်ပထမဆုရ မဇူးဇူး၊ ဒုတိယဆုရ မမေဇင်ဖူး၊ တတိယဆုရ မအိသန္တာကျော်နှင့် အထူးဆုရရှိသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပြီး သင်တန်းဆင်း လက်မှတ်များအား ပေးအပ်သည်။ ဆက်လက်၍ သင်တန်းဆရာမ ဒေါ်အိနှင်းပွင့်အား မြို့နယ်ဦးစီးမှူးက ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အခြေခံ တရုတ်ဘာသာစကား သင်တန်းအား လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် သြဂုတ်( ၆ )ရက် မှ နိုဝင်ဘာ (၁၉ ) ရက်အထိ အခမဲ့ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဝေကြည်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment