နမ့်စန်တွင် Smile Place Guest House ဖလား အသက်(၁၄)နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသားဘောလုံး ပြိုင်ပွဲအကြို ဗိုလ်လုပွဲ(ဆီမီးဖိုင်နယ်)ပွဲစဉ်များ ဆက်လက်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်စန်တွင် Smile Place Guest House ဖလား အသက်(၁၄)နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသားဘောလုံး ပြိုင်ပွဲအကြို ဗိုလ်လုပွဲ(ဆီမီးဖိုင်နယ်)ပွဲစဉ်များ ဆက်လက်ကျင်းပ

 



MNP - နိုဝင်ဘာ  ၂၀


ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ် OLD STAR အဖွဲ့တို့ကြီးမှူးကျင်းပသော Smile Place Guest House ဖလား အသက်(၁၄)နှစ်အောက် ကျောင်းပေါင်းစုံ  အမျိုးသားဘောလုံး ပြိုင်ပွဲ အကြို ဗိုလ်လုပွဲ (ဆီမီးဖိုင်နယ်)ပွဲစဉ်များကို ယနေ့နံနက် ၈ နာရီက နမ့်စန်အထကကျောင်း ဘောလုံး အားကစားကွင်းတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးဇေယျာဟန်၊ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်နှင့် မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီမှ တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


ဆီမီးဖိုင်နယ် ပထမပွဲစဉ်အဖြစ် အလက(ခွဲ) တာဆိုင်းဘောလုံးအသင်းနှင့် အထက(မြို့မ) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အလက(ခွဲ)တာဆိုင်း ဘောလုံး အသင်းက ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး ဒုတိယပွဲစဉ်တွင် အထက(ခွဲ)လေတပ် ဘောလုံးအသင်းက အထက (နမ့်စန်) ဘောလုံးအသင်းကို ၁ ဂိုးဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။


အဆိုပါ Smile Place Guest House ဖလား အသက်(၁၄)နှစ်အောက် ကျောင်းပေါင်းစုံ  အမျိုးသားဘောလုံးပြိုင်ပွဲ တတိယလုပွဲ၊ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၁ ရက်နေ့ နေ့လည်ပိုင်းတွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။


သတင်း - သူရအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)