အောင်ချမ်းသာကျေးရွာတွင် ဆီထွက်သီးနှံနေကြာ စိုက်ပျိုးနိုင်ရန် ဆိုလာစနစ်သုံးရေတင်စက် တပ်ဆင်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အောင်ချမ်းသာကျေးရွာတွင် ဆီထွက်သီးနှံနေကြာ စိုက်ပျိုးနိုင်ရန် ဆိုလာစနစ်သုံးရေတင်စက် တပ်ဆင်ပြီးစီး

 


MNP - နိုဝင်ဘာ   ၁၁


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ တာဝန်ယူဆောင်ရွက် ပေးလျက်ရှိသော အောင်ချမ်းသာကျေးရွာ၏ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးနိုင်ရန် ရေရရှိရေးဆိုလာစနစ် သုံးရေတင်စက်ကို ယနေ့က တပ်ဆင်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။


အဆိုပါ ဆိုလာစနစ်သုံးရေတင်စက်အား ပြည်ထောင်စုရန်ပုံငွေကျပ် ၁၇ ဒသမ ၃၄ သန်းဖြင့် နိုဝင်ဘာလ ၁၀ ရက်နေ့မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ အောင်ချမ်းသာကျေးရွာရှိ တောင်သူများ ဆောင်းသီးနှံနေကြာစိုက်ဧက ၃၀၀ အတွက် စိုက်ပျိုးရေရရှိ သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဗညားက ပြောသည်။


အဆိုပါ အောင်ချမ်းသာကျေးရွာသည် မိုးစပါး၊ ဆောင်းသီးနှံဖြစ်သော ဆီထွက်သီးနှံနေကြာနှင့် အခြားခြံသီးနှံများကို အောင်မြင်စွာ စိုက်ပျိုးနေသော ကျေးရွာဖြစ်ပြီး ကြို့ပင်ကောက်မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းနေသော ကျေးရွာတစ်ရွာ ဖြစ်ကြောင်း သိရသည်။


သတင်း - ဇေယျာထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)