ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရေးအတွက် ဟောပြောပွဲများ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရေးအတွက် ဟောပြောပွဲများ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

 



MNP - နိုဝင်ဘာ  ၁၁


ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ အသိပညာဗသုသုတများ တိုးပွားလာစေရေးအတွက် ဟောပြောပွဲများ နံရံကပ်စာစောင်များ ပြသခြင်းများကို ယနေ့မွန်းလွဲပိုင်းက ကုန်းမြင့်ကျေးရွာအမကကျောင်းတွင် ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းလေး က ကလေးငယ်များအား မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများ အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ သက်ငယ်မုဒိန်းမှုများအကြောင်း သိကောင်းစရာများကို အသိပညာပေးဟောပြောပြီး နံရံကပ်စာစောင်များ ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။


ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်တင်တင်ဝင်း က ကျောင်းသား ကျောင်းသူလေးများကို ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်စေခြင်းနှင့် စက္ကူပြဇတ်ဖြင့်ပုံပြောခြင်း ပုံပြင်ပြောခြင်းများဖြင့် အသိပညာပေးပြောကြားသည်။


အဆိုပါစာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းဆောင်ရွက်ခဲ့သည့် ကုန်းမြင့်ကျေးရွာအမကကျောင်းတွင် ကျောင်းသား ကျောင်းသူ(၁၁၀)အား သုတ/ရသ ရုပ်ပြမဂ္ဂဇင်း စာစောင်များကို ဖတ်ရှု့စေခြင်းအပြင် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


သတင်း - ဇေယျာထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)