ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ




MNP - နိုဝင်ဘာ  ၂၅


ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပပြုလုပ်သော ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရေးလုပ်ငန်းကော်မတီ၏ အိမ်တွင်း လျှပ်စစ် သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲ အခမ်းအနားကို ပုသိမ်မြို့၊ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်း ကျောင်းတွင် ယနေ့ နံနက်(၁၀)နာရီအချိန်၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင်  ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း(ပုသိမ်) ကျောင်းအုပ်ကြီး ဦးသူရနိုင်မှ  အဖွင့် အမှာစကား ပြောကြားရာတွင် မိသားစုအတွက် ပိုမိုကောင်းမွန်သော အသက်မွေးဝမ်း ကျောင်းအလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာစေရေး၊ လုပ်ငန်းခွင်ဝင်ရောက်နေသော ကလေးများအား မိမိဘဝရပ်တည်နိုင်စေရေး၊ မိသားစုဝင်ငွေတိုးတက်ရရှိရေး၊ အန္တရာယ်ရှိသော အလုပ်အကိုင်များတွင် ကလေးအလုပ်သမားများ ပပျောက် လာစေရေး၊ အလုပ်အကိုင်အခွင့် အလမ်းများ ရရှိစေရေးတို့ကို ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။


ဆက်လက်၍ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ပုသိမ်) ကျောင်းအုပ်ကြီး ဦးသူရနိုင်မှ သင်တန်းတွင် ဆုရရှိသော သင်တန်းသားများအား ပထမ၊ ဒုတိယနှင့် တတိယဆုများ ပေးအပ်ချီးမြှင့် ပေးအပ်ခဲ့ပြီးနောက် သင်တန်းများအားလုံးကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။


ထို့နောက် သင်တန်းများကိုယ်စား သင်တန်းသား မောင်စည်သူလင်းမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ အဆိုပါ သင်တန်းကို အောက်တို ဘာလ(၂၈)ရက်နေ့မှ နိုဝင်ဘာလ (၂၅)ရက်နေ့ထိ (၁)လကြာ စာတွေ့၊ လက်တွေ့ အခမဲ့ သင်ကြားပေးခဲ့ပြီး သင်တန်းသား စုစုပေါင်း (၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ လာမည့် ဒီဇင်ဘာလတွင် Aircon တပ်ဆင် ပြင်ဆင်ခြင်း သင်တန်းကို ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 


သတင်း - မြင့်ဟန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)