မအီမြို့၌ (၁၇)ကြိမ်မြောက်ဌာနဆိုင်ရာစုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ စည်ကားသိုက်မြိုက်စွာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့၌ (၁၇)ကြိမ်မြောက်ဌာနဆိုင်ရာစုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ စည်ကားသိုက်မြိုက်စွာကျင်းပ

 








MNP ၊ နိုဝင်ဘာ    ၄

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်မှုဖြင့် မြို့အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့သူမြို့သားများ၏(၁၇)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်(၈)နာရီက စံတွေးကျေးရွာဘုန်းတော်ကြီးကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် စုရပ်ရထားရှိ၍ နံနက်(၇)နာရီက ကထိန်အခမ်းအနားတည်ရှိရာသို့ လှည့်လည်ထွက်ခွာခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသော မြို့အုပ်ချုပ်ရေးမှူးဦးကျော်ပုနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့သူမြို့သားများနှင့် ရွာသူရွာသားများက အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး စံတွေးကျေးရွာဘုန်းတော်ကြီးကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် အရှင်အာစာရထံ၌ ငါးပါးသီလခံယူဆောက်တည်ကြသည်။


ထို့နောက် ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်အား နာယူကြည်ညိုကြပြီး ဘုံက ထိန်လျာသင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်း ပူဇော်ကြသည်။ ဆက်လက်၍ ကုန်ဘောင်ကျေးရွာဘုန်းတော်ကြီးကျောင်းဆရာတော်ဦးပညာထံမှ သာဓုအနုမောဒနာတရား နာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက်ရေစက်သွန်းချ အမျှပေးဝေကြပြီး ဆရာတော်များအား နေ့ဆွမ်းဆက်ကပ် ပူဇော်ခဲ့ကြောင်း သိရသည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)