နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ ၅၀၅၆ ကြိမ်မြောက် အရုဏ်ဆွမ်း လောင်းလှူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ ၅၀၅၆ ကြိမ်မြောက် အရုဏ်ဆွမ်း လောင်းလှူ



MNP - နိုဝင်ဘာ  ၂၇


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်း အသင်း၏ (၅၀၅၆) ကြိမ်မြောက် အရုဏ် ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။


နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်းကို ၁၆.၈.၂၀၀၆ တွင်စတင်တည်ထောင်ခဲ့ပြီး မြို့တွင်းဘုန်းတော်ကြီးကျောင်းရှစ်ကျောင်းမှ သံဃာတော်အပါးတစ်ရာကျော်အား အရုဏ်ဆွမ်းများနေ့စဉ်မပြတ်လောင်းလှူလျက်ရှိကာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၇ရက်နေ့တွင် အကြိမ်ရေ ၅၀၅၆ ကြိမ်အဖြစ်  တောင်ရပ်ကွက်နေ ဦးဝင်းညွှန့်+ဒေါက်တာ နန်းမြနှင်းအေး၊ သမီးနန်းရှင်း သန့်သန့်အောင်မိသားစု  အလှူနှင့်မြို့နယ်အတွင်းရှိ အလှူရှင်များမှလောင်းလှူခဲ့ကြသည်။


အဆိုပါ အရုဏ်ဆွမ်းလောင်းလှူသည့် သံဃဒါနဆွမ်းလောင်းအသင်းသို့ နောင်ချိုမြို့နယ်သူ၊ မြို့နယ်သားများမှ နေ့စဉ်မပြတ် မိမိတို့ အစီအစဉ်ဖြင့် လာရောက်လောင်းလှူမှုများရှိသည့်အပြင် ရပ်နီး၊ရပ်ဝေးမှ လှူဒါန်းလိုသူများမှလည်း ပင်မအလှူရှင်အဖြစ်တစ်ရက်တာအရုဏ်ဆွမ်းအတွက် အလှူငွေကျပ်  သောင်းတိတိလှူဒါန်းလျက်ရှိကြောင်း၊ ပင်မအလှူရှင်မရှိသည့်နေ့များတွင် သံဒါနဆွမ်းလောင်းအသင်းမှ လောင်းလှူလျက်ရှိကြောင်း ဆွမ်းလောင်းအသင်းထံမှ သိရသည်။


သတင်း - ထွေးငယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)