မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အလှူရှင်များ၏ စစ်ကိုင်းတောင်ရိုး သီတဂူဆွမ်းဆန်အလှူတော်နှင့် ရေအလှူတော်မင်္ဂလာ ဓမ္မသဘင်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အလှူရှင်များ၏ စစ်ကိုင်းတောင်ရိုး သီတဂူဆွမ်းဆန်အလှူတော်နှင့် ရေအလှူတော်မင်္ဂလာ ဓမ္မသဘင်ကျင်းပ




MNP ၊ နိုဝင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အလှူရှင်များ၏ စစ်ကိုင်းတောင်ရိုးသီတဂူဆွမ်းဆန်အလှူ တော်နှင့် ရေအလှူတော်မင်္ဂလာဓမ္မသဘင်ကို ယနေ့နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ ရန်အောင်မြင်ခန်းမ၌ ပြုလုပ်ရာ အဘိဓဇမဟာရဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဒမ္မဇောတိက  သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ အရှင်ဉာဏိသရ ကြွရောက်ချီးမြှင့်တော်မူပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများ က သီတဂူဆရာတော်ဘုရားကြီး ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက   ဆရာတော်ကြီးအား သီတဂူဆန်အလှူတော်၊ သီတဂူရေအလှူတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး သီတဂူဆရာတော်ဘုရားကြီး ဟောကြားချီးမြှင့် တော်မူသော အနုမောဒနာတရားများကို နာယူကြည်ညိုကာ လှူဒါန်းမှုအစုစုတို့အတွက်   ရေစက်သွန်းချ အမျှပေးဝေကြသည်။


ယနေ့လှူဒါန်းမှုတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းစစ်ဌာနချုပ်ရှိ  အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အလှူရှင်များသည် ဆန် တင်း(၉၀၀)နှင့် အလှူတော် ငွေကျပ်သိန်းပေါင်း(၇၆၄)သိန်းတို့အား လှူဒါန်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)