MNP ၊ နိုဝင်ဘာ ၂၇
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကဦးဆောင်သည့်စစ်ကြောင်း(၅) ကြောင်းမှ ယနေ့နံနက်ပိုင်းတွင် ကန်းစွန်းကျေးရွာအုပ်စုနှင့်လက်မဲပြင်ကျေးရွာအုပ်စုများသို့သွားရောက်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆွေးနွေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌဗိုလ်မှူးသူရိန်စိုးမှနယ်မြေဒေသလုံခြုံရေးကိစ္စရပ်များနှင့်ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းမှု များကိုလည်းကောင်း၊အဖွဲ့ဝင်ဦးကျော်မြမှဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးမှ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးကဏ္ဍများတွင် လိုအပ်ချက်များရှိပါက တင်ပြပေးနိုင်ပါကြောင်းပြောကြားရာ ဒေသခံပြည်သူများမှ လိုအပ်ချက်များကို မေးမြန်းဆွေးနွေး တင်ပြကြပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment