မရမ်းကုန်းမြို့နယ်၌ ရှေးဦးသူနာပြုစုနည်းအခြေခံသင်တန်းအမှတ်စဉ်(၄/၂၀၂၂) ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မရမ်းကုန်းမြို့နယ်၌ ရှေးဦးသူနာပြုစုနည်းအခြေခံသင်တန်းအမှတ်စဉ်(၄/၂၀၂၂) ဖွင့်လှစ်



MNP - နိုဝင်ဘာ   ၁၉


ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ကြက်ခြေအနီအသင်းခွဲမှ ကြီးမှူး၍ ရှေးဦးသူနာပြု အခြေခံသင်တန်းအမှတ်စဉ်(၄/၂၀၂၂)ကို ယမန်နေ့မွန်းလွဲပိုင်းက ကလေးဝတောရ ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။


အဆိုပါသင်တန်းတွင် ကြက်ခြေနီအကြောင်းသိကောင်းစရာ၊ ရှေးဦးပြုစုနည်းအခြေခံသဘော တရား၊ လူနာဆန်းစစ်ခြင်း ၊စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊သွေးဆုတ်သွေးလန့်ဖြစ်ခြင်းမူးဝေသတိလစ်ခြင်း၊ သတ္တဝါများကိုက်ခြင်း၊ အရိုးကျိုးခြင်းအဆစ်လွဲခြင်း၊ အခြေခံအသက်ကယ်      အထောက်အကူပြုနည်း၊ ကိုင်တွယ်ခြင်းနှင့်သယ်ဆောင်နည်းများ အစရှိသည့်အကြောင်းအရာများကို တာဝန်ရှိသူများကသင်ကြားပေးခဲ့ရာ သံဃာတော်နှင့်သီလရှင်များစုစုပေါင်း အပါး(၁၃၀)တက်ရောက်ခဲ့ကြောင်းသိရသည်။


သတင်း - အေးအေးအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)