ကမာရွတ်မြို့နယ် ဇင်ယော် ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမာရွတ်မြို့နယ် ဇင်ယော် ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

 


MNP - နိုဝင်ဘာ    ၁၉


ရန်ကုန်တိုင်းဒေသကြီး၊ အ‌နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် လူငယ်များဘက်စုံဖွံဖြိုး တိုးတက်‌ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနနှင့် ဇင်‌ယော်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကိုယနေ့မွန်လွဲ(၂)နာရီတွင် ကမာရွတ်မြို့နယ်ဇင်‌ယော် ကိုယ်ပိုင်အထက်တန်းကျောင်း အင်ကြင်းမြိုင်ခန်းမ၌ကျင်းပခဲ့သည်။


ရှေးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြား‌ရေးမှူးဆန်းဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံဖွံဖြိုးတိုးတက်ရန် အတွက်အနာဂတ်မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများသည်အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့်လူငယ်များ ပေါ်ထွန်းလာစေရန်လိုအပ်ပါကြောင်း၊ ကာယ၊ဉာဏ၊စာရိတ္တ၊မိတ္တ၊ ဘောဂစသည့် ဗလငါးတန်နှင့်ပြည့်စုံမှသာ နိုင်ငံတာဝန်များကိုပခုံပြောင်းတာဝန်ထမ်းဆောင်ကြမည့် ကျောင်းသား၊ကျောင်းသူအချင်းချင်း ရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန်ရည်ရွယ်၍ လိမ္မာယဉ်ကျေးစွာ ပြောဆိုဆက်ဆံတတ်‌သော အတွေ့အကြုံသစ်များရရှိပြီး ကျောင်းသား၊ ကျောင်းသူ ဖအချင်းချင်းရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန်ရည်ရွယ် ကျင်းပရခြင်းဖြစ်ပါ ကြောင်းပြောကြားသည်။


ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးမည့်ကျောင်းသား၊ကျောင်းသူများနှင့် Moderator တို့မှ နေရာယူပြီး ဆွေးနွေးမည့် ကျောင်းသား၊ကျောင်းသူများအား Moderator များဖြစ်ကြသည့် ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာမိုးနှင့် ကမာရွတ်မြို့နယ် ဇင်ယော်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာမဒေါ်‌မေမြတ်မွန်ဦတို့မှ ဦးဆောင်မိတ်ဆက်ပေးကာကျောင်းသား မောင်ကောင်းစည်းသူ ဟိန်းGrade-11ကလူငယ်နှင့်စာပေ၊ မောင်ကောင်းခန့်နိုင်Grade-11ကလူငယ်နှင့်ကျန်မာရေး မဖြူသင်္ဂီခိုင်G-10ကလူငယ်နှင့် ယဉ်ကျေးမှု၊မောင်ဖြိုးမင်းခန့်Grade -10 က လူငယ်နှင့် အားကစား၊မမေချစ်ခိုင် Grade-10ကလူငယ်နှင့်နည်းပညာ၊ မနန်းယွန်းမြတ်သီရိရှင်း Grade-11ကလူငယ်နှင့်ပညာရေးခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးကြသည်။


ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများက မိမိတို့သိရှိလိုသည့် များကို မေးမြန်းဆွေးနွေးရာဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး ကမာရွတ်မြို့နယ် ဇင်ယော်ကိုယ်ပိုင် အထက်တန်းကျောင်း တည်ထောင်သူ ဆရာမကြီးဒေါ်သန်းသန်းဌေးကကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


အဆိုပါ ဆွေးနွေးပွဲသို့ ကမာရွတ်မြို့နယ်ဇင်ယော်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်း သူ( ၁၀၈ )ဦးတို့တက်ရောက်ခဲ့ကြသည်။


ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေဦးစီးဌာနမှနံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲအားခင်းကျင်းပြသထားရာ တက်ရောက်လာကြသောကျောင်းသား၊ ကျောင်းသူများက စိတ်ပါ ဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။


သတင်း - အောင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)