ဘူးသီးတောင်မြို့၌ အထက်တန်း၊ အလယ်တန်းနှင့်မူလတန်းကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့၌ အထက်တန်း၊ အလယ်တန်းနှင့်မူလတန်းကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်လှစ်


MNP ၊ နိုဝင်ဘာ ၂၆

ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ဘူးသီးတောင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်ပညာသင်နှစ်အခြေခံပညာကျောင်းများ၏အထက်တန်း၊အလယ်တန်းနှင့်မူလတန်းကျောင်းများမှကျောင်းအုပ်ဆရာ/မကြီးများအားသက်ဆိုင်ရာလုပ်ငန်းများ၌စွမ်းဆောင်ရည်မြင့်မားလာစေရေးအတွက်ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းကိုယနေ့နံနက်(၈)နာရီခွဲအချိန်ကအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမေယုရတနာခန်းမ၌ကျင်း ပပြုလုပ်သည်။

ရှေ့ဦးစွာဘူးသီးတောင်မြို့နယ်ပညာ ရေးမှူးဦးမောင်တင်အောင်မှသင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားရာတွင်ထက်၊လယ်၊မူကျောင်းအုပ်ကြီးများအနေဖြင့်ပညာ ရေးဝန်ကြီးဌာန၊အခြေခံပညာဦးစီးဌာန၊ပြည်ထောင်စုဝန်ကြီးနှင့်အခြေခံပညာဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်တို့၏ လမ်းညွှန်မှာကြားခဲ့သည့်စီမံခန့်ခွဲမှုဆိုင်ရာအချက်များ၊ ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့် ပညာရေးနှင့်ပတ်သက်သောလုပ်ငန်းလမ်းညွှန် ချက်များကိုထပ်ဆင့်ရှင်းလင်းပြောကြားပြီး၊ တက္ကသိုလ်ဝင်စာမေးပွဲများတွင်မိမိတို့မြို့နယ် အတွင်းအောင်ချက်ရာခိုင်နှုန်းကောင်းမွန်စေရေး၊မိမိတို့ကျောင်းများ၌ ကျောင်းတွင်း၊ကျောင်း ပြင်သန့်ရှင်းစေရေး၊ဆရာ၊ဆရာမများ၏စာသင်ကြားမှုအခြေအနေများနှင့်ကျောင်းသား၊ကျောင်းသူများပညာရေးတိုးတက်ရေးကိုအစဉ်မပြတ်လေ့လာကြည့်ရှုရေးစသဖြင့်ဆွေးနွေးမှာကြားခဲ့သည်။ 

ထို့နောက်အထက်တန်း၊ အလယ်တန်းနှင့်မူလတန်းကျောင်းများမှကျောင်းအုပ်ကြီးများအား မြို့နယ်ပညာရေးမှူးဦးမောင်တင်အောင်မှသက်ဆိုင်ရာလုပ်ငန်းများ၌စွမ်းဆောင်ရည်မြင့်မားရေးသင် တန်းဘာသာရပ်များပို့ချရာသင်တန်းကာလမှနိုဝင်ဘာလ၂၆ရက်နေ့မှ ၂၇ ရက်နေ့ထိနံနက်(၈)နာရီမှညနေ(၄:၂၀) နာရီထိ( ၂)ရက်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်

 အဆိုပါ အခြေခံပညာကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းသို့မြို့နယ်ပညာရေးမှူးဦးမောင်တင်အောင်နှင့်ထက်၊ လယ်၊ မူ ကျောင်းအုပ်ဆရာ၊ဆရာမကြီး(၁၅၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရှိရသည်။


လှကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)