ကွန်ဟိန်းမြို့၌ (၂၀)ကြိမ်မြောက် မဟာကမ္ဘောဇပြည်ငြိမ်းအေးစေတီ ဗုဒ္ဓပူဇနိယ ပွဲတော်ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွန်ဟိန်းမြို့၌ (၂၀)ကြိမ်မြောက် မဟာကမ္ဘောဇပြည်ငြိမ်းအေးစေတီ ဗုဒ္ဓပူဇနိယ ပွဲတော်ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ



MNP - နိုဝင်ဘာ   ၂၇


 ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ (၂၀)ကြိမ်မြောက် မဟာကမ္ဘောဇ ပြည်ငြိမ်းအေးစေတီ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် ၇နာရီခွဲ အချိန်ခန့်က စေတီတော်မုခ်ဦးရှေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် (၂၀)ကြိမ်မြောက် မဟာကမ္ဘောဇပြည်ငြိမ်းအေးစေတီ ဗုဒ္ဓပူဇနိယပွဲတော်အား စစ်ဗျူဟာအဖွဲ့(အခြေချ)၊စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းလတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းနိုင်၊ ဘုရားဂေါပက ဥက္ကဋ္ဌ ဦးစိုင်းပန်းစိန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။ ယင်းနောက်(၂၀)ကြိမ်မြောက် မဟာကမ္ဘောဇ ပြည်ငြိမ်းအေးစေတီ ဗုဒ္ဓပူဇနိယပွဲတော် အခမ်းအနားမှတ်တမ်းဓါတ်ပုံများရိုက် ကူးခဲ့ကြ၍ မုခ်ဦးရှေ့မှ    မဟာကမ္ဘောဇစေတီတော်ခြေရင်းထိ ရွှေမိုးငွေမိုးများရွာသွန်းခဲ့ကြသည်။ ထို့နောက် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များမှ အကအလှများဖြင့်ဖျော်ဖြေခဲ့ကြသည်။


အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့(အခြေချ)၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းလတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ မှ ဒီဇင်ဘာလ ၇ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)